37 C
Yangon

တကောင်းမြို့အနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု များပြား၍ လေ ကြောင်းဖြင့် ဗုံးများကျဲ ပစ်ခတ်တိုက်ခိုက်နေ

Must read

တကောင်းမြို့အနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု များပြား၍ လေ ကြောင်းဖြင့် ဗုံးများကျဲ ပစ်ခတ်တိုက်ခိုက်နေ

ရန်ကုန်၊ မတ် ၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု များပြားသောကြောင့် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကျဲချကာ စက်သေနတ်များဖြင့် လှည့်ပတ် ပစ်ခတ်နေကြောင်းဒေသနေပြည်သူများ က ရန်ကုန် ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၇ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က တကောင်းမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်သား များက လေကြောင်းပစ်ကူတောင်းရာ တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဆင်ညှပ်ကုန်း ကျေးရွာ၊ မကျီးကုန်းကျေးရွာအနီးတဝိုက်ကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်သည့်အပြင် စက်သေနတ်များ၊ ရော့ကတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

“ဒီနေ့ ၁ နာရီမထိုးခင်လောက်က တကောင်းမြို့နားမရောက်ခင် မကျီးကုန်းရွာနဲ့ ဆင်ညှပ်ကုန်းရွာ နားကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲသွားတာ၊ အခုထိလဲ ထပ်ချနေတုန်း၊ ၅ ကြိမ်ရှိပြီ၊ အသံက အတော် ကျယ်၊ တုန်ခါနေတာ၊ စက်သေနတ်နဲ့ရော၊ ရော့ကတ်နဲ့ရောပစ်နေတာ၊ သေနတ်သံကလည်း အတော် ကျယ်တယ်၊ ရွာသူရွာသားတွေကတော့ ရှောင်နေကြရတယ်၊ ထိခိုက်ပျက်စီးမှုကတော့ မသိရသေး ဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တကောင်းမြို့အနီးတွင် ယမန်မနေ့မတ်လ ၆ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးကာ လေယာဉ်ပစ်ကူတောင်းခဲ့ပြီး ယနေ့မတ်လ ၇ ရက်နေ့မှ လေယာဉ်ဖြင့် လာရောက်ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကြောင့် ဆင်ညှပ်ကုန်းကျေးရွာ၊ မန်ကျီးကုန်းကျေးရွာတို့အပါအဝင် အနီးအနားကျေး ရွာနေပြည်သူ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article