25 C
Yangon

ဆီဆိုင်မြိုကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ ဗုံးကျဲတိုက်ခိုက်၊ စစ်သားများကို ပအိုဝ်း အမျိုးသားဝတ်စုံများ ဝတ်ဆင်စေကာ မဲနယ်တောင်ဒေသကို စစ်အင်အားဖြည့်

Must read

ရန်ကုန်၊ မတ် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးကျဲချ တိုက်ခိုက်မှုကြောင့် PNLA ရဲဘော်များနှင့် ပြည်သူများ ဓာတု အဆိပ် ငွေ့မိပြီး ဆေးဝါးကုသမှုပေးနေရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၆ ရက်နေ့တွင် ဆီဆိုင်မြိုကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဓာတု အဆိပ် ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ ရဲ ဘော်များ၊ ပြည်သူများ ဓာတုအဆိပ်မိပြီး အရေပြားယားယံခြင်း ၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန် ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျခြင်းများကို ပုံစံတူ ခံစားခဲ့ကြရကြောင်း သိရသည်။

စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးကျဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများ တပ်ဖွဲ ဝင်များကို ဆေးဝါးကုသပေးနေရဆဲဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဆိုသည်။

ထိုပြင် ဆီဆိုင်မြိုနယ်အတွင်းသို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများအသုံးပြုပြီး တိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက တပ်သားများကို ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ဆင်စေပြီး ပြည်သူလူထု ပိုင်ကားများကို ချောဆွဲကာ ဟိုပုံးမြိုနယ် မဲနယ်တောင်ဒေသသို စစ်ကြောင်းထိုးရန် အင်အားဖြည့် တင်း ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပအိုဝ်းအမျိုးသားဝတ်စုံအား စစ်ယူနီဖောင်းအဖြစ်အသုံးပြုခြင်း ပအိုဝ်းအမျိုးသားဝတ် စုံအား ဝတ်ဆင်ကာ ပအိုဝ်းဒေသကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ပအိုဝ်းတို၏ အမျိုးသား ဂုဏ်အင်္ဂါ လက္ခဏာကို ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုကိုကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article