25 C
Yangon

သရက်ချောင်း၊ ဝင်းဝစခန်းကုန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်တပ်က ခရီးသည်တင်ကား တစ်စီးကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီးတစ်ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၈

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း T5 Wings မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

မတ်လ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် သရက်ချောင်းမြို့နယ် ဝင်းဝစခန်းကုန်းကို တော်လှန် ရေးပူးပေါင်း တပ်ဖွဲ့မှ လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်းရှိကြောင်းရှိကြောင်း သိရသည်။

“ကျနော်တို့ဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ခွေး ၄ ကောင်သေတယ်လို့ သတင်းရထားပါတယ်” ဟု T5 Wings မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA နှင့် PDF T5 ပူးပေါင်းဖွဲ့စည်းထားသောဖယ်ဒရယ်စစ်ကြောင်း၊ ထား ဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ T5 Wings ၊ ဒေါင်းညီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များမှ တရစပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာလာပြီးနောက် ညနေ ၄ နာရီခန့်တွင် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ Mi-2 အမျိုးအစား ရဟတ်ယာဉ် တစ်စီး ပျံသန်း တက်ရောက်လာပြီး ဝင်းဝစခန်းကုန်းနှင့် အနီးအနားကျေးရွာများကို ဗုံးကျဲချခဲ့ရာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် စုံစင်ဖျားကျေးရွာအနီး ရပ်နားထားသော ခရီးသည်တင်ကားတစ်စီးကို ထိမှန်ခဲ့ပြီး ခရီးသွားအမျိုသမီးတစ်ဦးသေဆုံးကာ ခရီးသွားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည်တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသောကျေးရွာများ၊ ခရီးသွားယာဉ်တန်း များ အပေါ်ရဟတ်ယာဉ်ဖြင့်ဗုံးသီးများကျဲချခြင်းသည်လူမဆန်သောစစ်ရာဇဝတ်မှုဖြစ်ပြီး ပြန်လည် တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အသိပေးထားသည်။

ဝင်းဝစခန်းသည် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့ထားခြင်းကို လက်ရှိအချိန်အထိ ခံနေရပြီး ဝင်းဝစခန်းရှိ စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူဘက်တော်သား များအဖြစ် အလင်းဝင်လိုပါက ကောင်းမွန်စွာလက်ခံကြိုဆိုသွားမည်ဖြစ်ဖြစ်ကြောင်း T5 Wings က အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article