26 C
Yangon

ကချင်ပြည်နယ်တွင် ယမန်နေ့ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုက လက်နက်ချ အလံဖြူထောင်ခဲ့ပြီး စုစုပေါင်း စစ်တပ်စခန်း ၇ ခုကို KIA က သိမ်းပိုက်ရရှိ

Must read

ကချင်ပြည်နယ်တွင် ယမန်နေ့ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုက လက်နက်ချ အလံဖြူထောင်ခဲ့ပြီး စုစုပေါင်း စစ်တပ်စခန်း ၇ ခုကို KIA က သိမ်းပိုက်ရရှိ

■ လေကြောင်းတိုက်ခိုက်မှုများမှလွဲ၍ စစ်ကောင်စီက မြေပြင်တွင် စစ်ကူ စစ်ကြောင်း မပေးပို့နိုင်တော့

ရန်ကုန်၊ မတ် ၉

ကချင်ပြည်နယ်တွင် မတ်လ ၈ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုက လက်နက်ချ အလံဖြူထောင် အညံ့ခံခဲ့ပြီး စစ်တပ်စခန်း ၇ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ခလရ ၁၄၂ တပ်ရင်း အပါအဝင် စစ်စခန်း ၃ ခုက လက်နက်ချ အညံ့ခံ အလံဖြူထောင်ခဲ့ကြောင်း၊ အခြားသော တပ်စခန်း ၄ ခုကိုများလည်း တော် လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ရာ စုစု ပေါင်း တပ်စခန်း ၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က လက်နက်ချတဲ့ စစ်ကောင်စီ တပ်ရင်းနဲ့ စခန်း ၃ ခုရှိတယ်။ ခလရ ၁၄၂ အပါအဝင် စခန်း ၇ ခုရတယ်။ ခလရ ၁၄၂ တပ်ရင်း စခန်း၊ ပန်ဆွန်စခန်း၊ ဂေါက်ငူကောင်စခန်း၊ မလီးယန် စခန်း၊ ဘွမ်ရယ် ဘွမ် စခန်း၊ အင်လုံခ ပြည်သူ့စစ်စခန်းနဲ့ စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၇ ခုရပါတယ်။ ဒီနေ့လည်း တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်”ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ မတ်လ ၇ ရက်နေ့၊ မတ်လ ၈ ရက်နေ့ တိုက်ပွဲများတွင် အဓိကအားဖြင့် လေကြောင်းကိုသာ အားကိုး၍ ဗုံးကျဲ ပစ်ခတ်ခြင်းများကို အဓိက လုပ်ဆောင်နေပြီး မြေပြင်တွင် စစ်ကူ စစ်ကြောင်း လာရောက်နိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။

“သူတို့စခန်းတွေ တိုက်ပြီဆိုရင် ရဟတ်ယာဉ်လာတယ်၊ လေယာဉ်လာတယ်။ ပစ်ခတ်တယ်။ ဗုံးကျဲတယ်။ မြေပြင်မှာတော့ စစ်ကူ လာနိုင်တာမျိုးမရှိတော့ဘူး။ စစ်ကူတွေ မလာရဲတော့ဘူး။ အင်အား လည်းမရှိသလို ရှိတဲ့ စစ်ကူတပ်တွေလည်း မလာရဲဘူး” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

လတ်တလော ကချင်ပြည်နယ်အတွင်း တိုက်ပွဲများသည် မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်တွင် အဓိက ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article