36 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၉ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက သိမ်းပိုက်ပြီးတဲ့နောက်သင်္ဃန်းညီနောင် ရဲစခန်းကိုပါ ထပ်မံ သိမ်းပိုက်လိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ် အလက် ၁၀၀ ကျော် ကို သိမ်းဆည်းရရှိထားတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ် ရန်ကုန်ခေတ်သစ်ကို အတည်ပြု ပြောပါတယ်။
  • ကချင်ပြည်နယ်က မြစ်ကြီးနားလေဆိပ်ကို ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီးတဲ့နောက် ဒီကနေ့မှာပဲ မြစ်ကြီးနားလေဆိပ်ကို ပိတ်သိမ်းလိုက်ပြီး မြစ်ကြီးနားကနေ ထွက်ခွာမယ့် ပြည်တွင်းလေယာဉ် ခရီးစဉ်တွေ အားလုံးကို ဖျက်သိမ်းလိုက်ပြီလို့ ခရီးသွားပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စက်မှုဒုဝန်ကြီး လမ်းကြောင်းအတွက် လုံခြုံရေး ယူနေတဲ့ ရဲတပ် ဖွဲ့ကို တော်လှန်ရေးတပ်ပေါင်းစုတွေကနေ အနီးကပ် တိုက်ခိုက်ရာမှာ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ် ကြပ် ဇာနည်ထွန်းအပါဝင် ရဲ ၄ ဦးသေသွားတဲ့အပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article