36 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၁ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်တစ်ဝှမ်းမှာ စစ်ဆင်ရေးတွေ ဆက်တိုက်ရှိလာမှာဖြစ်တဲ့အတွက် ပြည်သူတွေ စစ်ရေး သတိပြုသွားလာ နေထိုင်ပေးကြဖို့ နဲ့ လက်ရှိ လိုက်ဇာအနီးက စစ်တပ်စခန်းတွေကိုလည်း KIA နဲ့မဟာမိတ်တပ်တွေက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက အသိပေး ပြောဆို လိုက်ပါတယ်။
  • မွန်ပြည်နယ်မှာ “ကြမ်းသတဲ့ကြမ်းမဲ့ ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေးအမည်နဲ့ ရက်အကန့် အသတ် မရှိ လုပ်ဆောင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ အသွား အလာ သတိပြုပေးဖို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင် က သတိပေးပြောဆိုလိုက်ပါတယ်။
  • ရခိုင်ပြည်နယ်ကို စစ်ကူသွားတဲ့ ပုသိမ်တောင်ပေါ်တပ်နဲ့ ကျုံပျော် ခလရ ၃၆ က အရာရှိနဲ့ စစ်သည်တွေ ဟာ ရှေ့တန်းမှာ သေကုန်ကြပေမယ့် စစ်ကောင်စီက နာရေးရက်လည် သပိတ်သွတ်ခွင့် မပြုသလို ၊ တပ်တွင်းထဲမှာ ကျန်ရစ်သူမိသားစုတွေဆီ အိပ်မက်ပေးမှုနဲ့ ခြောက်လှန့်မှုတချို့ ဖြစ်ပွားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article