25 C
Yangon

မုံရွာမြိုနယ်ရှိ ကျေးရွာများကို မီးရှိနေသော စစ်ကြောင်းနှင့် ချောင်းဦးမြိုပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ဝမ်းတွင်းမြိုနယ်တွင် စစ်သား ၁ ဦး ပစ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်ရှိ ကျေးရွာများကို မီးရှိနေသော စစ်ကြောင်းနှင့် ချောင်းဦးမြိုပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ် BLDF တပ်ခွဲ အညာမိုင်းအဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် မုံရွာမြိုနယ်၊ ခိုးသန်းကျေးရွာကို မီးရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မတ်လ ၁၁ ရက်နေ့တွင် မြောက်ဆုံကုန်းကျေးရွာကို ထပ်မံ ဝင်ရောက်ခဲ့ပြီး မီးရှိနေစဉ် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)- စစ် ဒေသ ၂ ရဲဘော်များ နှင့် မဟာမိတ်များ ပူးပေါင်းပြီး ရွာအတွင်း ဝင်ရောက်ကာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှိဖျက်ဆီးခဲ့သော နေအိမ်များကို တော်လှန်ရေး တပ်ဖွဲများက မီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မုံရွာမြိုအရှေ့မြောက်ခြမ်းရှိ ရွာများကို စစ်တပ်က ပစ်မှတ်ထား မီးရှိနေသည်မှာ ၁၀ ရက်ကျော် ကြာနေပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ချောင်းဦးမြိုတောင်ဘက်၌ ကင်းပတ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နံနက် ၈ နာရီ ၄ဝ မိနစ်ခန့်တွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ချောင်းဦးအ‌ခြေစိုက် အညာမိုင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်ခြင်း မီးရှိဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်မြိုနယ်တွင် မယားငယ် အိမ်လာသည့် စစ်သား ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် ဝမ်းတွင်းမြိုနယ်၊ ပင်းတလဲ-ဝမ်းတွင်း လမ်းပိုင်းရှိ ကျင်းရွာရှိ မယားငယ်ဆီကို မကြာခဏ လာလေ့ရှိသည့် မိတ္ထီလာ တပ်မ ၉၉ မှ တပ်သား သန့်ဇင်ထွေး(ခ)ကိုထွေးသည် ကျင်းရွာမှ ပြန်လာစဉ် WTRF အဖွဲက ပစ်ခတ် တိုက်ခိုက်ရာ ရင်ဘတ်နှင့် နောက်ကျောကို သေနတ်ကျည် ထိမှန်ခဲ့ကြောင်းသိရသည်။

သေနတ်ကျည် ထိမှန်ခဲ့သော ဒဏ်ရာများဖြင့် သန့်ဇင်ထွေးသည် ဆိုင်ကယ် ဆက်လက် စီးနင်းလာသော်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည့် နေရာမှ မီတာ ၂၀၀ ခန့်အကွာတွင် လဲကျသေဆုံးခဲ့ကြောင်း သိရှိရသည်။

“သူက အရင်ကျင်းရွာမှာ တပ်စွဲသောင်းကျန်းတုန်းက စစ်တပ်က စစ်သား အခု အဲ့တပ်စွဲထားတဲ့ တပ်ကမရှိတော့ဘူး။ ခုက ကျင်းရွာက မိန်းကလေးကိုတွေ့ပြီးအပြန်လာမှာစောင့်ကြိုပစ်ခတ်တာပါ” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပြည်သူများသည် အခင်းဖြစ်ရာ နေရာကို ဖြတ်သန်း သွားလာနေသောကြောင့် WTRF မှ ရဲဘော်များ အနေဖြင့် သေဆုံးသွားသော စစ်ကောင်စီ တပ်သားထံမှ သက်သေခံ ပစ္စည်းများ ယူဆောင်နိုင်ခြင်းမရှိကြောင်း၊ ပြည်သူများအနေဖြင့် တော်လှန်ရေးအသိ တော်လှန်ရေးသတိဖြင့် ပူးပေါင်း ပါဝင်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးမှ ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article