37 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၂ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ နဲ့ အောင်မြေ ၂ နေရာကို လာရောက်ပစ်ခတ်ဗုံးကျဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်ပြီး ထိမှန်သွားတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့က စစ်သားတွေလိုက်ပါလာတဲ့ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ MGN 35 ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က မွတ်ဆလင်အမျိုးသားတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ ခေါ်ယူပြီး စစ်သင်တန်းပေးနေတယ်လို့ ပြည်တွင်းမွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ဒေသပြည်သူတွေက အတည်ပြုပြောပါတယ်။
  • ပြည်တွင်းစီးပွားရေးစျေးကွက်မှာ မီးလင်းရွှေ (ခေါ်) ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၄၁ သိန်းနီးပါး စျေးထိုးတက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article