25 C
Yangon

ပခုက္ကူ၊ ကမ္မရဲစခန်းနှင့် မြောင်၊ ကျောက်ရစ်ရဲစခန်းတိုကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

မကွေးတိုင်း၊ ပခုက္ကူမြိုနယ်၊ ကမ္မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၂ ဦး သေဆုံးခဲ့ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် မြိုင်မြိုနယ်အတွင်းရှိ Non CDM ဝန်ထမ်းများအပါအဝင် စစ်သား၊ ရဲစစ်သားမိသားစုဝင်များ ကား ၅ စီးဖြင့် ကမ္မရဲစခန်းအတွင်းသို ဝင်ရောက်လာစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်းဘတ်၊ မန်းကျည်းတန်း အနောက်ဘက် ယာပြင်အတိုင်း ဖြတ်မောင်းလာတဲ့ ကား ၅ စီး ကမ္မရဲ စခန်းထဲဝင်တဲ့အချိန် ဗုံးကျဲခဲ့တာ၊ ပစ်မှတ်နေရာတွေကို တိတိကျကျ ကျပြီး စစ်ခွေး ၂ ကောင်သေ တယ်၊ ၁ ကောင်ဒဏ်ရာရတယ်၊ မြိုင်ကနေ Non CDM တွေပါ ကမ္မကို တပ်ဆုတ်လာတာလို သိရ တယ်၊ မြိုင်နယ်ကလည်း မြိုပေါ်လောက်ပဲ ကျန်တော့တာ” ဟု Pakokku People Defense Force – PPDF တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force – PPDF တပ်ဖွဲနှင့် ကမ္မတပ်ပေါင်းစုတို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြိုနယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီ တပ်သားများ နေထိုင်ရာ အဆောက်အအုံတစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို ပြောကြားသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်မှ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်အချိန်အထိ အကြမ်းဖက်စစ်‌ကောင် စီတပ်သားများ အခြေချ တပ်စွဲနေထိုင်သော မြောင်မြိုနယ်၊ ကျောက်ရစ်ရဲစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ ရာ ရဲစခန်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေထိုင်ရာ အဆောက်အအုံတစ်ခုမီးလောင် ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ရဲစခန်းအနီးက အဆောင်တစ်ခုမှာ ခွေးတွေ စုနေကြတာ၊ အဲဒီအဆောင်ပေါ်ကို ဗုံးတည့်တည့်ကျတယ်၊ ထိခိုက်သေဆုံးမှုကတော့ သေချာပေါက်ရှိနိုင်တယ်၊ အဆောင်ကလည်း တော်တော်များများကို မီး လောင်သွားပုံရတယ်၊ မီးခိုးတွေ မဲတက်လာတာ၊ မီးခိုးတော်တော်များတယ်၊ ဝိုင်းပြီး မီးငြှိမ်းသတ်နေ ကြတာထင်တယ်၊ ပြန်မပစ်နိုင်ဘူး” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲမှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မိတ္ထီလာခရိုင် အမှတ် ၃ တပ်ရင်း ၊ CHAUK PDF နှင့် နဂါးနီပြောက်ကျားတပ်ဖွဲတို ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article