25 C
Yangon

မတ္တရာ၊ ကြပ်ပြင်ကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး ပြန်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး ခြေထောက်ပြတ်သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၂

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ ကြပ်ပြင်ကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ခိုးယူပြီး ပြန်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး ခြေထောက်ပြတ် သေဆုံးခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က ငါးလုံးပြွန်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် စခန်းမှ စစ်သား ၄၀ ခန့်သည် ကြပ်ပြင်ကျေးရွာသို ဦးတည်စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများ ကို ခိုးယူပြီး ပြည်သူပိုင်လိုက် ထရပ်ကားဖြင့်တစ်စီးဖြင့် အင်အား ၂၀ ခန့်လိုက်လာကာ ရွှေလောင်း ချောင်းလမ်းအတိုင်း ပြန်လာစဉ် ယင်းနေ့ နံနက် ၉ နာရီ ၁၂ မိနစ်အချိန် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား၏ အရှေ့ခြမ်းလုံးဝပျက်စီးသွားပြီး လမ်းဘေးထိုးကျသွားကာ ကားပေါ်ပါ စစ်ဗိုလ်တစ်ဦး ခြေထောက်ပြတ် ဒဏ်ရာရရှိကာ သေဆုံးသွားပြီး ကားခေါင်းအတွင်း လိုက်ပါလာသူ စစ်ကြောင်းမှူးမှာလည်း ခန္ဓာကိုယ်ညာဘက်ခြမ်းနှင့် မျက်နှာညာဘက်ခြမ်း အပြင်း အထန် ထိမှန်ဒဏ်ရာ အပါအဝင် ကျန်စစ်သား ၇ ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ထိုနောက် ကြပ်ပြင်ကျေးရွာမှ ရွှေပေါင်းလောင်းလမ်းအတိုင်း ခြေလျင်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၂၀ ပါ စစ်ကြောင်းကိုလည်း နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် ရှေ့ထွက် ပြောင်း အမျိုးအစားဖြင့် တစ်ကြိမ်၊ နံနက် ၉ နာရီ ၃၂ မိနစ်တွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကြပ်ပြင်ရွာထဲက ပြည်သူတွေထွက်ပြေးကြရတာ၊ နေအိမ်တွေမှာ ပြည်သူတွေမရှိတော့ ပစ္စည်းတွေ ယူတယ်၊ ယူပြီးတော့ ရွာထဲမှာရှိတဲ့ လိုက်ထရပ်ကားတစ်စီး ထပ်ယူတယ်၊ ယူပြီးတော့ ၂၀ ပေါ့ ၊ စစ်ကြောင်းမှူးရော၊ အရာရှိရောပါတဲ့ ၂၀ က အဲဒီကားနဲ့ ပြန်လာတယ်၊ အဲဒီကားကိုပဲ ကျနော်တိုက မိုင်းဆွဲတိုက်ခိုက်လိုက်တယ်၊ ကားကတော့ စုတ်ပြတ်သတ်သွားတယ်၊ စစ်ခွေးတွေက ကားကို ထားခဲ့ ပြီးတော့ ဒဏ်ရာရတွေရော၊ နောက်သေဆုံးသွားတယ်ဆိုတဲ့ အရာရှိရောကို အနီးအနားမှာရှိတဲ့ တဲ တွေ က စောင်တွေယူတယ်၊ စောင်ပုခက်တွေနဲ့လုပ်ပြီးတော့မှ မိုင်းဆွဲခံရတဲ့နေရာကနေ ကျောက်တံ တား ရွာသစ်အတိုင်း ခြေလျင်ပြန်တယ်၊ သူတိုတပ်စွဲထားတဲ့ ကျောက်တံတားရွာကနေမှ လူနာတင် ယာဉ်တွေနဲ့ ဆက်ထုတ်သွားတယ်၊ နောက်ပြီးတော့ ကျန်တဲ့ ၂၀ က ခြေလျင်နဲ့ ကြပ်ပြင်ကနေ ပြန် ထွက် တယ်၊ ကားသွားတဲ့လမ်းအတိုင်းပဲ ထွက်တယ်၊ အဲဒီခြေလျင်ပြန်ထွက်တဲ့ အဖွဲကိုလည်း ၂ ကြိမ် တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊” ဟု မတ္တရာမျိုးမှန်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

မတ္တရာမျိုးမှန်တပ်ဖွဲအနေဖြင့် ယနေ့အချိန်အထိ စစ်ဆင်ရေးပေါင်း ၉၉ ခုကိုဖော်ဆောင်ထားနိုင်ခဲ့ပြီး ယင်းစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်သား ၂၅၃ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article