25 C
Yangon

အင်းစိန်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာနှင့်သင်္ဃန်းကျွန်းတို့တွင်လည်း ဗုံးများပေါက်ကွဲ

Must read

အင်းစိန်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာနှင့်သင်္ဃန်းကျွန်းတို့တွင်လည်း ဗုံးများပေါက်ကွဲ

ရန်ကုန်၊ မတ် ၁၂

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ လေတပ်အရာရှိ အိမ်ရာဂိတ်နှင့်စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း သိရှိရသည်။

“အင်းစိန် ဆယ်မိုင်ကုန်းကနေ ဗုံးပေါက်ကွဲသံ ၂ ချက်ကြားလိုက်တယ်။ အကျယ်ကြီးပဲ။ ဗုံးက ၂လုံးတောင်ပေါက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မြောက်ဥက္ကလာပမြိုနယ်၊ မင်္ဂလာဒုံမြို နယ်တို့တွင် ယနေ့ည ၈ နာရီ ၂၈ မိနစ်အချိန်တွင်လည်းကောင်း

မြောက်ဒဂုံမြို့နယ်တွင် ယနေ့ည ၈ နာရီခွဲအချိန်တွင်လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်နှင့်တောင်ဥက္ကလာတို့တွင်လည်း ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article