25 C
Yangon

မောင်တောမြို့နယ်၊ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို AA က သိမ်းပိုက်ရရှိ၊ စခန်းရှိ စားနပ်ရိက္ခာနှင့် ရေဘူးများတွင် အဆိပ်များ ထည့်ထားခဲ့

Must read

ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို AA က သိမ်းပိုက်ရရှိပြီး စခန်းရှိ စားနပ်ရိက္ခာနှင့် ရေဘူးများတွင် အဆိပ်များ ထည့်ထားခဲ့သည်ကို တွေ့ရှိရကြောင်း AA က သတင်းထုတ်ပြန်သည်။

မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင်ပြည်၊ မောင်တောမြိုမြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချိုကို ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ထိုအထဲမှ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်သားအလောင်းအချို့ ၊ လက်နက်ခဲယမ်းအချို့တိုကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ စခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲဝင်များအရေအတွက် မှာ ၁၇၉ ယောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် AA က သိမ်းပိုက်ရရှိသော အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲအစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးထားသည်။

အလားတူ ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို AA က ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိကြောင်း၊ မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြိုအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချိုရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ အကြမ်းဖက်စစ်ကောင်စီက အမ်းမြိုနယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁) စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ ၅ နာရီခန့်မှစတင်ပြီး (၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article