38 C
Yangon

ရခိုင်ပြည်နယ်ရှိ မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို စစ်တပ်က‌ ဖောက်ခွဲဖျက်ဆီးခဲ့မှု စစ်သုံ့ပန်း စစ်ဆေးအရာခံဗိုလ်မျိုးခန့် ဝန်ခံ

Must read

ရခိုင်ပြည်နယ်ရှိ မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို စစ်တပ်က‌ ဖောက်ခွဲဖျက်ဆီးခဲ့မှု စစ်သုံ့ပန်း စစ်ဆေးအရာခံဗိုလ်မျိုးခန့် ဝန်ခံ

ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ မအီတံတားနှင့် ကျောက် ကြီးပေါက်တံတားတို့ကို စစ်ကောင်စီတပ်က မိုင်းဆွဲဖျက်ဆီးခဲ့ကြောင်း စစ် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စစ်တပ်၊ ဆေးအရာခံဗိုလ်မျိုးခန့်က ဝန်ခံထွက်ဆို ထားသည်။

AA က ယနေ့ ညနေပိုင်း ထုတ်ပြန်သော ဗီဒီယိုတွင် ၎င်းက အထက်ပါအတိုင်း ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မအီမြို့တပ်စခန်းမှ စွန့်ခွာရန် အမိန့်ရရှိခဲ့ပြီးနောက် အထုပ်အပိုးပြင် ကာ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် မအီမြို့မှ စတင်ထွက်ခွာခဲ့ကြောင်း၊ မအီမြို့အ ထွက်၌ ခေတ္တရပ်နားပြီး မအီတံတားကို ဖောက်ခွဲလိုက်ကြောင်း၊ ထို့နောက် ဆက်လက်ထွက်ခွာလာ ပြီး ကျောက်ကြီးပေါက်တံတားကိုလည်း အလားတူ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကျနော်ဒီနေရာမှာ ခြွင်းချက်အနေနဲ့ ပြောလိုတာကတော့ စစ်‌ရေးအရ အမိန့်နဲ့ခိုင်းစေခြင်း၊ အမိန့် အရ ပြုလုပ်ခြင်း မပြောလိုပါဘူး၊ မအီတံတားနဲ့ကျောက်ကြီးပေါက်တံတားကို လူကြီးတွေ မည်သည့် ရည်ရွယ်ချက်နဲ့ဖောက်ခွဲခြင်း ကျနော်တို့မသိပါဘူး၊ ဒီမအီတံတားဟာဆိုရင်ပြည်သူလူထုရဲ့ ကုန်စည် စီးဆင်းမှုမှာ အသက် သွေးကြော ဖြစ်ပါတယ်၊ ဒီတံတားကြီးအားဖောက်ခွဲခြင်းအားဖြင့် ပြည်သူလူ ထုတွေရဲ့ အကျိုးစီးပွားကို ရိုက်ချိုးဖျက်ဆီးခြင်းလို့ ယူဆပါတယ်၊ ကျနော်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အင်မတန်ဝမ်းနည်းမိကြောင်း ပြောကြားလိုပါတယ်” ခလရ ၃၆ တပ် ရင်း မှ ဆေးတပ်အရာခံဗိုလ် မျိုးခန့်က ပြောကြားသည်။

မအီမြို့မှ တပ်ဆုတ်ခွာမှုကို ခလရ ၃၆ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဝင်းက ဦးဆောင်ကာ ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ကျောက်ကြီးပေါက်တံတားကို မိုင်းခွဲဖျက်ဆီးပြီးနောက် သင်္ဘော ရှိရာသို့ ချီတက်ကာ ကျောက်ဖြူသို့ ဆက်လက်ချီတက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့နံနက် ၇ နာရီခွဲခန့်တွင် ကျောက်ဖြူသို့ရောက်ရှိခဲ့ပြီး ကျောက်ဖြူသို့ ရောက်ရှိစဉ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်း၊ ဒုတပ်ရင်းမှူး၊ ဗိုလ်မှူးတစ်ဦးနှင့်အရာရှိတစ်ဦးကို စစ် ဗျူ ဟာ ၃ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဖမ်းဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဝင်းတစ်ဦးကိုသာ ဆက်လက်ဖမ်းဆီးခဲ့ပြီး ကျန်ရှိသော ဒုတပ်ရင်းမှူးအပါအဝင် ကျန်သူများနှင့် တပ်သားများကို ရမ်းဗြဲမြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲခန့်မှာတော့ တပ်ရင်းမှူးကို ချန်လှပ်၍ 2 IC နဲ့ အခြား အ ရာ ရှိတွေကို ပြန်လွှတ်ပြီးတော့ ကျနော်တို့ကို ရမ်းဗြဲကို‌စေလွှတ်ခဲ့ပါတယ်၊ ၂၃ ရက်နေ့ ညနေ ၅ နာရီ ခွဲ ခန့်မှာ Mi 17 စစ်ကူရဟတ်ယာဉ်များဖြင့် ရမ်းဗြဲမြို့သို့ စတင်ထွက်ခွာခဲ့ပါတယ်၊ ရမ်းဗြဲကိုတော့ ခန့် မှန်း ၆ နာရီခွဲခန့်မှာရောက်ရှိခဲ့ပါတယ်၊ ယခင်ရောက်နှင့်နေတဲ့ ခမရ ၃၇၃ တပ်ရင်းနဲ့ ဆက်သွယ် မိပြီး တော့ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုရန်တောင်ကို ဆက်လက်ချီတက်ခဲ့ကြပါတယ်၊အဲဒီအချိန်မှာပဲ ၂၄ ရက် နေ့မနက် ၃ နာရီခွဲနဲ့ ၅ နာရီခွဲခန့်မှာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးတော့ လူစုများကွဲခဲ့ ကြပါ တယ်၊ ထိုလူစုကွဲရာက ကျနော်အပါအဝင် လူနာ ၂ ဦးနဲ့အတူ ၂၅ ရက်နေ့မှာ ရခိုင့်တပ်တော်ထံမှာ အဖမ်းခံခဲ့ရပါတယ်၊” ဟု ခလရ ၃၆ တပ် ရင်း မှ ဆေးတပ်အရာခံဗိုလ် မျိုးခန့်က ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article