25 C
Yangon

ယင်းမာပင်၊ စည်လှောင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက် နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက် နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် ချင်းတွင်းတံတားအနောက်ဘက် ရွှေတောင်ဦးအနီးရှိ အောင်ဇေယျရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စည်လှောင်ရွာကို လက် နက်ကြီးဖြင့် ပစ်ခတ် ခြင်းကြောင့် ဒေါ်ရွှေမှီ၊ ဒေါ်မြသန်း၊ ဒေါ်ဌေးမြင့်၊ ဦးဖိုးရှည် တို့ ၄ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

“အကြောင်းမဲ့ သက်သက်ကို ပစ်တာ ရှောင်ချိန်လည်း မရလိုက်ဘူး။ ရွာထဲ ၃ လုံးကျတယ်။ နေအိမ် ၆ လုံးကတော့ နေမရအောင်ပျက်စီးသွားတယ်။ အိမ်တွေထဲနေတဲ့ ပြည်သူ‌‌ ၄ ဦး သေဆုံးတယ်။ သေဆုံးသူတွေက အသက်၅၀ ကျော်နဲ့ ၆၀ကျော်တွေ သေဆုံးတယ်။ အမည်တွေက ဒေါ်ရွှေမှီ၊ ဒေါ်မြသန်း၊ ဒေါ်ဌေးမြင့်၊ ဦးဖိုးရှည် တို့ဖြစ်ပါတယ်။ ကျန်ဒဏ်ရာရတဲ့သူတွေက ၁၅ ဦးအထိရှိတယ်။ ကလေးတွေရောပါတယ်။ ပေါင်ပြတ်၊ လက်ပြတ် သူတွေလည်းပါတယ်။ မစိုးရိမ်ရ ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ နွားတွေလည်း သေဆုံးတယ်။ အပျက်အစီးတွေကတော့ နောက်ထပ် ပစ်ဦးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေလို့ အတိကျမသိရသေးဘူး” ဟု ဒေသနေ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းကလည်း အဆိုပါဖြစ်စဉ်ကို အတည်ပြုပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒေါ်ရွှေမှီ အသက် ၅၈ နှစ်၊ ဦးဖိုးရှင် အသက် ၇၈ နှစ် ၊ ဒေါ်မြသန်း အသက် ၆၃ နှစ်၊ ဒေါ် ဌေး မြင့် အသက် ၅၀ နှစ်တို့သေဆုံးကြောင်း၊ စစ်တပ်ကပစ်ခတ်လိုက်သော လက် နက်ကြီးကျည် ၁၂၀မမ ၅ လုံးကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ မြရိပ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး စည်လှောင်ရွာ၊ အောင်ချမ်းအေးရွာ၊ အောင်ချမ်းသာရွာ တို့ကို စစ်ကြောင်းထိုး ဝင် ရောက်စဉ် စည်လှောင်ရွာအနီး စစ်ဘေးရှောင်နေသူ အသက် ၂၁ အရွယ် လူငယ် မောင်ဇော်ဝင်းထွန်းကို ဖမ်းဆီးသွားပြီး ရက်ရက်စက်စက်သတ် ဖြတ်ကာ အလောင်းစွန့်ပစ်ထားခဲ့ခြင်းများလည်း အကြမ်းဖက် စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- သေဆုံးသူ ပြည်သူ ၄ ဦးနှင့်ဒဏ်ရာရသူများ။

Photo- ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article