25 C
Yangon

နေပြည်တော်၊ မြို့နယ်များရှိ ကျေးရွာများမှ တစ်ရွာလျှင် လူငယ် ၂၀ ဦးစီ နာ မည် နှင့်တကွ စစ်မှု ထမ်းရန် ဆင့်ခေါ်၊ ထွေ/အုပ်ရုံးသို့ စစ်မှုထမ်းမည့်လူငယ်များနှင့်မိဘများကို အစည်းအဝေးခေါ်

Must read

နေပြည်တော်နယ်မြေတစ်ခုတည်းတွင်ပင် စစ်မှုထမ်းရန် လူငယ် ၅၀၀၀ ဧပြီလအတွင်း ခေါ်ယူမည်ဖြစ်ပြီး ပျက်ကွက်သူများကို အရေးယူမည်

ရန်ကုန်၊ မတ် ၁၄

နေပြည်တော်၊ ၊ ဥတ္တသီရိနှင့် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ကျေးရွာများမှ တစ်ရွာလျှင် လူငယ် ၂၀ ဦးစီ နာမည်နှင့်တကွ စစ်မှု ထမ်းရန် ဆင့်ခေါ်စာများ စတင်ပေးပို့လိုက်ပြီး ထွေ/အုပ်ရုံးသို့ စစ်မှုထမ်းမည့်လူငယ်များနှင့်မိဘများကို အစည်းအဝေးခေါ်ယူလိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပျဥ်းမနား တောင်ညိုလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာများ စတင်ပေးပို့ကြောင်း ၊ ထို့ပြင် မိဘများနှင့်လူငယ်များကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ရုံးများ၊ ထွေ/အုပ်ရုံးများတွင် အစည်းအဝေးများ ခေါ်ယူထားကြောင်း သိရှိရသည်။

“နာမည်ပါလာတဲ့ ညီငယ်တွေနဲ့ ဆင့်ခေါ်စာရတဲ့ သူ လူငယ်တွေရဲ့ သက်ဆိုင်ရာမိဘတွေက စိုးရိမ်ကြီးစွာ ဖြစ်နေကြပြီ။ ဘယ်လိုလွတ်နိုင်မလဲ လွတ်ရာလွတ်ကြောင်း မေးမြန်းစုံစမ်းနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

နေပြည်တော်ဥတ္တသီရိမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးရွာအုပ်စုတစ်ခုလျှင် လူငယ် ၂၀ နီးပါး စစ်မှုထမ်းရန် ဆင့်ခေါ်ရာ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ရွာမှ လူငယ် ၈ ဦး၊ ဇလောင်းတောင်ရွာမှ လူငယ် ၄ ဦး၊ ဇလောင်းမြောက်ရွာမှ လူငယ် ၄ ဦး၊ နန်ချွန်ရွာမှ လူငယ် ၂ ဦးကို အမည်စာရင်းနှင့်တကွ ဆင့်ခေါ်ကြောင်း၊ ထို့ပြင်

မောင်းရမ်းအုပ်စု မှ လူငယ်များ၊ ဝက်စုကျေးရွာမှ လူငယ်များ၊ ကွမ်းခြံစုကျေးရွာမှ လူငယ်များ၊ ဘုရားကုန်းကျေးရွာမှ လူငယ်များ ၊စည်သာအေးကျေးရွာမှ လူငယ်များ၊ အောင်ချမ်းသာကျေးရွာမှ လူငယ်များ၊ သဲကျွန်းမှ လူငယ်များကိုလည်း ဆင့်ခေါ်ထားကြောင်း သိရှိရသည်။

“စာရင်းနဲ့ နာမည်တွေ ထွက်လာတာက ကျေးရွာယာယီအုပ်ချုပ်ရေးမှုးတွေက ကောက်ယူစာရင်းပေးရတယ်လို့ သိရပါတယ်။ မင်းကုန်း ၊ ကျွဲရှင်း စသဖြင့် ပျဥ်းမနားတောင်ညိုလမ်းတစ်လျောက်မှ လူငယ်များ စစ်မှုထမ်းဖို့စာရောက်တာ တော်တော်များတယ်။ ဒီနေ့ ဥတ္တရသီရိ ထွေအုပ်ရုံးမှာ မိဘတွေနဲ့ လူငယ်တွေကို အစည်းအဝေး လာတက်ဖို့ ဆင့်ခေါ်ထားတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

အလားတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးရွာတစ်အုပ်စုလျှင် လူငယ် ၂၀ ဦးနှုန်း စစ်မှုထမ်းရန် စတင်တောင်းခံနေကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက လတ်တလော ရရှိထားသော စာရင်းဇယားများအရ နေပြည်တော်နယ်မြေအတွင်း မြို့နယ် ၈ ခုမှ လူငယ် ၅၀၀၀ ကို ဧပြီလအတွင်း စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဟု သိရှိထားကြောင်း ပြောဆိုသည်။

“ဒက္ခိဏသီရိ၊ လယ်ဝေး၊ ပျဉ်းမနား၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ တပ်ကုန်းနဲ့ ဇေယျာသီရိမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်တွေကနေ ဧပြီလအတွက် လူငယ် ၅၀၀၀ ခေါ်ဖို့ စာရင်းပြုစုထားတာရှိပါတယ်။ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကပဲ တိုက်ရိုက်ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် ခေါ်ယူသူများကို လာရောက်ခြင်းမရှိပါက အိမ်တိုင်ရာရောက် လိုက်လံ ဖမ်းဆီးမည်ဖြစ်ပြီး အိမ်တွင် မရှိပါက စစ်မှုထမ်း ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article