25 C
Yangon

ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် နီးပါးနေအိမ်များ မီးလောင် ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာကို အကြမ်းဖက် စစ် တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။

မတ်လ ၁၂ ရက်နေ့ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ တောင်ခြေတွင် ရှိသည့် နမ့်ဟူးကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့သို့ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီနှင့်၎င်းတို့၏ လက်ပါးစေများက တော်လှန်ရေးတပ်ဖွဲ့များက ရွာကို မီးရှို့သည်ဟုဆိုကာ သတင်းအမှားများ ထုတ်လွှင့်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအကြား သွေးခွဲခဲ့ကြောင်း PNLA က ပြောသည်။

နမ့်ဟူးကျေးရွာသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့ဝင်များ တည်ရှိသည့် နေရာမဟုတ်ဘဲ ပအိုဝ်းဒေသ လုံခြုံရေး လှုပ်ရှားမှု စစ်ကြောင်းသည်လည်း နမ့်ဟူးကျေးရွာကို ရောက်ရှိခြင်း မရှိသေးကြောင်း၊ ပြည်သူများ၏ နေအိမ်များ ကျေးရွာများ မြို့များကို မီးရှို့ဖျက်ဆီးခြင်း တိုက်ခိုက်ခြင်းသည် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ အပေါင်းအပါများသာ ပြုလုပ်သည်ကို တစ်တိုင်းပြည်လုံး အသိဖြစ်ကြောင်း PNLA က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာသည် ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဆိုက်ခေါင်စံပြကျေးရွာမှ ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ဆက်လက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၁၄ လုံးထက်မနည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article