25 C
Yangon

စစ်တပ်ထဲတွင် တစ်လ ၅ သိန်းကျော် လစာနှင့် ရိက္ခာ အပြည့် ပေးပြီး ပညာ သင် ပေးကာ ပျော်အောင်ထားမည်ဟု စစ်မှုထမ်းရမည့် လူငယ်များနှင့်အုပ် ထိန်း သူမိဘများကို စစ်ကောင်စီက စည်းရုံး

Must read

စစ်တပ်ထဲတွင် တစ်လ ၅ သိန်းကျော် လစာနှင့် ရိက္ခာ အပြည့် ပေးပြီး ပညာ သင် ပေးကာ ပျော်အောင်ထားမည်ဟု စစ်မှုထမ်းရမည့် လူငယ်များနှင့်အုပ် ထိန်း သူမိဘများကို စစ်ကောင်စီက စည်းရုံး

ရန်ကုန်၊ မတ် ၁၄

စစ်တပ်ထဲတွင် ဧပြီလကုန်ပိုင်း စတင်ဝင်ကြရမည့် လူငယ်များကို တစ်လလျှင် ငွေကျပ် ၅ သိန်းကျော်ပေးပြီး ပညာသင်ပေးကာ ပျော်အောင်ထားမည်ဟု အကြမ်းဖက်စစ်ကောင်စီက စည်းရုံးပြောဆိုလာကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် အုပ်ထိန်းသူမိဘတချို့က ပြောဆိုကြသည်။

နေပြည်တော်၊ ရန်ကုန်၊ ဧရာ၀တီတိုင်း၊ မန္တလေး အပါ အဝင် တစ်နိုင်ငံလုံးတွင် လူငယ်များကို ဧပြီလမှ စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၁ တွင် တက်ရောက်ရန် နာမည်စာရင်းများဖြင့် ဆင့်ခေါ်နေပြီး လူငယ်များနှင့်အုပ်ထိန်းသူမိဘများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ထွက်မပြေးရန်နှင့် ကြည်ကြည်ဖြူဖြူ မိမိတို့၏ သားသမီးများကို စစ်ထဲသွင်းကြရန် စည်းရုံးပြောဆိုနေကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လယ်ပိုင်း အစည်းအဝေးခေါ်ပြီး တပ်ထဲရောက်ရင် တစ်လကို ငွေကျပ် ၅ သိန်း ၁ သောင်းကျော်ရမယ်။ ပညာလည်း သင်ပေးမယ်။ ၁၀ တန်းဆိုရင် ဘွဲ့ရတဲ့အထိ ပညာသင်ပေးမယ်။ ဘွဲ့ရရင် ဗိုလ်သင်တန်းတက်ပြီး အရာရှိဖြစ်မယ်။ ရှေ့တန်းလည်းမပို့ဘူး။ သက်သက်သာသာ နေရမယ်။ စိတ်ပူစရာဘာမှ မရှိဘူး ဆိုပြီး စည်းရုံးတယ်” ဟု မိဘပြည်သူတစ်ဦးက ပြောဆိုသည်။

ပြည်နယ်/တိုင်းအားလုံးတွင် မတ်လ ၁၃ ရက်နေ့ညပိုင်း ဧပြီလကုန်စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၁ အတွက် လူငယ်များရွေးချယ်ပြီး မတ်လ ၁၄ ရက်နေ့ ညနေနောက်ဆုံးထား၍ နာမည်စာရင်းများ စစ်ကောင်စီ ပေးပို့ခိုင်းနေကြောင်း၊ စစ်မှုထမ်းရန် ရွေးချယ်ထားသည့် လူငယ်များ ထွက်မပြေးစေရေးနည်းလမ်းမျိုးစုံဖြင့် မက်လုံး သုံး စည်းရုံးရန် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားထား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article