30 C
Yangon

မုံရွာမြို့နယ်၊ သက္ကယ်ကျင်း ကျွေးရွာကို စစ်တပ်က ညလုံးပေါက် မီးရှို့မှု အိမ်ခြေ အနည်းဆုံး ၅၀၀ နီးပါး မီးစွဲလောင်

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်း ကျွေးရွာကို စစ်တပ်က ယမန်နေ့ နေ့လယ်ပိုင်းမှစတင်၍ ညလုံး ပေါက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ အနည်းဆုံး ၅၀၀ နီးပါး မီးစွဲလောင်ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ရွာထောင်ရွာနှင့် မအူဂိတ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မုံရွာမြို့အနီးရှိ လယ်ဇင်ရွာနှင့် သက္ကယ်ကျင်းရွာကို အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယမန်နေ့ တစ်ညလုံး သက္ကယ်ကျင်းကျေးရွာကို ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် သက္ကယ်ကျင်းကျေးရွာမှ အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

“မနေ့ နေ့လယ်ကစပြီး မီးရှို့တာ။ မနေ့ တစ်ညလုံးလည်း မီးတွေ လောင်တယ်။ မီးလောင်သွားတာက အိမ်ခြေ ၄၀၀ ကျော်၊ ၅၀၀ နီးပါး အကုန်ပြာကျတယ်။ အဝတ်တထည် ကိုယ်တခုသာ အကုန်ကျန်ပါတယ်။ အဲဒါ အခုထက်ထိ သက္ကယ်ကျင်းကျေးရွာကို မီးရှို့နေတဲ့ စစ်ခွေးတွေက အခုထက်ထိ မပြန်သေးဘူး။ ပြည်သူတွေ မပြန်ကြဖို့ သတိပေးချင်ပါတယ်” ဟု PDF စစ်ရေး သတင်းမြစ်က သတိပေးသည်။

စစ်တပ်က လယ်ဇင်ရွာနှင့် သက္ကယ်ကျင်းရွာကို ယမန်နေ့ တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့သဖြင့် မုံရွာမြို့ပေါ် ယမန်နေ့ညပိုင်း မီးခိုးများ ဖုံးလွှမ်းနေခဲ့ကြောင်း သိရှိရသည်။

“ရဲခွေး စစ်ခွေးတွေက ခွေးဘီလူးကား ၂ စီးနဲ့ လာရှို့တာ။ ပေါက်ကွဲသံကြီးတွေလည်း ကြားရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စက်မှုဇုံနဲ့ မလှမ်မကမ်းမှာရှိတဲ့ သက္ကယ်ကျင်းရွာကို မီးရှို့နေတာပါ။ မီးအားအတော်များပါတယ်။ အခုထိ စစ်ခွေးတွေက မထွက်သေးဘူး။ ရွာထောင်ရွာမှာ တပ်စွဲထားတဲ့ ခွေးတွေရော မအူဂိတ်မှာ တပ်စွဲထားတဲ့ ခွေးတွေရောပဲ မီးအားက မထိန်းနိုင်တော့ဘူး။ ဘာတိုက်ပွဲမှမရှိဘဲနဲ့ ဝင်ပြီးမီးရှို့တာ အခုတော့ ကျွန်တော်တို့ အနောက်လွင်ပြင်အပါအဝင် နှစ်ဖက်တပ်တွေ ဆိုင်ထားကြတယ်၊ ညပိုင်းကျရင်တော့ ဘာဆက်ဖြစ်မယ်မသိသေးဘူး” ဟု Northwest Plains Revolutionary Force – NPRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဓာတ်ပုံ – မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ ယမန်နေ့ ညနေပိုင်း မီးလောင်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ ယမန်နေ့ ညနေပိုင်း မီးလောင်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article