28 C
Yangon

ကလေးနှင့် ရေဦး မြိုနယ်ရှိ ဒေသ ကွပ်ကဲရေးမှူး စစ်ဌာနချုပ်နှင့် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြိုရှိ ဒေသကွပ်ကဲရေးမှူး စစ်ဌာနချုပ်နှင့် နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wings of Kalay အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(ကလေး)ဝင်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲများက Shar Htoo Waw Drone နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီး ၅ လုံးကျဲ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် ကလေးမြိုအတွင်းရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး(တိုင်းမှူးရိပ်သာ)ကို ဗုံးသီး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းတော့ ကျွန်တော်တို မသိရသေးပါဘူး။ ဆက်လက် စုံစမ်းနေတုန်းပါပဲ” ဟု Wings of Kalay အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ (Wings of Kalay Drone Team)နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ်၊ Chin Secret Service (CSS)၊ မြိုပြစီမံချက် UG အဖွဲတိုမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF ထံမှ သိရဿည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ရေဦးမြို အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရွှေနဒီဦး ခန်းမတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို လက်ပါးစေများ အစည်းအဝေးပြုလုပ်နေစဉ် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF က Fixed Wings Drone ၃ စီး ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article