25 C
Yangon

ကလေးမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ် သား ၈ ဦးသေဆုံးပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိ၊ PDF ၂ ဦးကျဆုံး

Must read

ကလေးမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ် သား ၈ ဦးသေဆုံးပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိ၊ PDF ၂ ဦးကျဆုံး

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန် သည်။

မတ်လ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့အနီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကလေးခရိုင် တပ်ပေါင်းစုအဖွဲ့တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ကလေးမြို့၊ အထူးလှုပ်ရှား တပ်ရင်း ၂၊ ၆၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူး ပေါင်း အဖွဲ့တို့က ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာကို တိုက်ခိုက်ခဲ့ကြကြောင်း၊ ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့ကလည်း မင်းလှရွာကို ဖြတ်တောက်ရေးတာဝန် ယူပေးခဲ့ကြောင်း သိရှိရသည်။

ကလေးမြို့နယ်၊ အောင်မြင်သာရွာတွင် ဗိုလ်ကြီး ကျော်လင်းမောင် ဦးဆောင်သော စစ်အင်အား ၂၂ ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား ၄၀ ဦး အခြေချနေထိုင်ပြီး ကျောင်းတိုက်ရွာတွင် ဗိုလ်ဖြိုးသန့် ဦးစီးသော စစ်အင်အား ၂၇ ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၉ ဦး အခြေချ တပ်စွဲထားကြောင်း၊ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဝင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေးတပ်က ကျောင်းတိုက်ရွာအား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျောင်းတိုက်ရွာမှ စစ်ကြောင်းက ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာသို့ ဆုတ်ခွာသွားကြောင်း၊ ကျောင်းတိုက်ရွာသို့ ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး စစ်တပ်ထံမှ MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ငယ် ၁၇ လက်၊ ကျည်မျိုးစုံ ၁၃၀၀ ကျော်၊ ဗုံးသီးမျိုးစုံ အလုံး ၁၀ ကျော်၊ ကျည်အိမ် ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိကြောင်း သိရှိရသည်

အလားတူ နန်းစောင်းပုရွာသစ်တွင် ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ-၂၂ လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို အထူးလှုပ်ရှား တပ်ရင်း ၂၊ ၅၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း ၂၊ ၄၊ ၅၊ ကလေးမြို့နယ် ပကဖ၊ RKDF၊ HNB၊ EFDF၊ ဒေါင်းသွေးရာဇာ၊ S2UG၊ GRF၊ TCDF ပူးပေါင်းအဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဒု-တပ်ကြပ် ၁ သေဆုံးပြီး အလောင်း ၂ လောင်း ရရှိကြောင်း၊ စစ်တပ်ထံမှ လက်နက် ၂ လက်၊ MA ကျည် ၁၇ တောင့်နှင့် ကျည်အိမ် ၂ ခု သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article