အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၁၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ် ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အမှောင်မိုက်ဆုံးအချိန်ဟာ ရောင်နီလာခါနီးဆိုသလို အခက်အခဲတွေများစွာကြုံချိန်ဟာ ပြည်သူ့အောင်ပွဲနီးချိန်ပါပဲ၊ ပြည်သူအားလုံး ဖိုက်တင်းပါ။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။


