25 C
Yangon

သထုံမြိုနယ်၊ မိုးကောင်းရွာ အထွက်တွင် မိုင်းပေါက်ကွဲပြီး ရထား ၁ စီး တိမ်းမှောက်

Must read

ရန်ကုန်၊ မတ် ၁၈

မွန်ပြည်နယ်၊ သထုံမြိုနယ်၊ မိုးကောင်းကျေးရွာအထွက်တွင် မိုင်းပေါက်ကွဲပြီး ရထား ၁ စီး တိမ်းမှောက်ခဲ့ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

ယနေ့ မတ်လ ၁၈ ရက် နံနက် ၇ နာရီကျော်တွင် ပေါင်မြိုနယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြိုနယ်၊ ကလိကျေးရွာသို သွားရောက်မည့် တွဲဆိုင်း ၁၄ ဆိုင်းပါ ကျောက်တင် မီးရထား ၁ စီး သည် သထုံမြိုနယ်၊ မိုးကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ် ၁၂၂/၃ နှင့် ၁၂၃/၁ အကြား ပေါင်းကူး တံတား အရောက်တွင် မိုင်းပေါက်ကွဲပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ထိုသို တိမ်းမှောက်မှုကြောင့် တံတားဘယ်ဘက် အောက်ခံ အုတ်ခုံဘောင်နှင့် ရထားလမ်း ပေ ၂၀ ခန့် ပျက်ဆီးခဲ့ပြီး ရထားသံလမ်းအဆက် ပြုတ်ထွက်ကာ တွဲဆိုင်း ၂ တွဲ လမ်းချော်၍ ၅ တွဲ တိမ်းမှောက် ခဲ့ကြောင်း၊ ယင်းရထား တိမ်းမှောက်မှုအတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

“MBDHV ရထားအခေါ်အဝေါ် ဇလား တွဲ ၄ တွဲနဲ့ GBHV (L.V) ဘရိတ်၊ ရထားထိန်း ဂတ်ဗိုလ်တွဲ ၁ တွဲ ပါတယ်၊ ရထားကို မတင်မယ့် T -60 ကရိန်း ကုလားခေါင်းနဲ့ ရန်ကုန်ကနေ ထွက်သွားပါပြီ” ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article