25 C
Yangon

ောမြိုနယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း၊ ဆောမြိုနယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆောမြိုနယ်၊ မြိုမရဲစခန်းမှ စစ်ကောင်စီ တပ်သားတပ်သား ၁ ဦးသည် အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းထံ MA-2 သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာကာ အလင်းဝင်လာကြောင်း သိရှိရသည်။

အလားတူ မတ်လ ၁၅ ရက်နေ့တွင် ကပစ ၂၅ မှ တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းထံ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်ခိုလှုပြီး အလင်းဝင်ရောက် ပူးပေါင်းကာ ယူဆောင်ခဲ့သော လက်နက် အမျိုးအစားပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article