25 C
Yangon

မိုးကောင်းမြိုနယ်၊ နမ္မတီးမြိုတွင် ဓမ္မဆရာအဟောင်း၊ Pat Jasan အဖွဲဝင်နှင့် ကချင်တိုင်းရင်းသားအရေး လှုပ်ရှားသူ ဦးဂွမ်ဂျော်လီကို သေနတ်သမား ၃ ဦးက ပစ်ခတ်သတ်ဖြတ်

Must read

ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ မိုးကောင်းမြိုနယ်၊ နမ္မတီးမြိုတွင် ဓမ္မဆရာအဟောင်းလည်းဖြစ်၊ Pat Jasan အဖွဲဝင်လည်းဖြစ်၊ ကချင်တိုင်းရင်းသားအရေးနှင့် ရပ်ရွာအရေး တက်ကြွလှုပ်ရှားသူ ဦးဂွမ်ဂျော်လီကို သေနတ်သမား ၃ ဦးက ပစ်ခတ် သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်၊ မိုးကောင်းမြိုနယ်၊ နမ္မတီးမြို တွင် ဦးဂွမ်ဂျော်လီက ၎င်း၏ ဆိုင်ဖြစ်သော ဂျန်ခါးကွန်ပျူတာဆိုင်တွင် ရှိနေစဉ် သေနတ်သမား ၃ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သေနတ်ဖြင့် ဦးခေါင်း၊ ဝမ်းဗိုက်တိုတွင် ၅ ချက် အပစ်ခတ်ခံရပြီး ဆေးရုံတင်ပိုစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“လူ ၃ ဦး ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတာ။ ပစ်ခံရတဲ့အချိန်ကတည်းက ဆုံးတယ်လိုတော့ ပြောလိုရပါတယ်။ ခေါင်းက ပွင့်ထွက်သွားတယ်။ လက်ရှိသိသလောက်ကတော့ ပစ်တဲ့သူတွေက ပျူစောထီးတွေ ဖြစ်ဖိုများတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဦးဂွမ်ဂျော်လီသည် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းတော်(KBC)၏ မြိုနယ် အမှုတော်ဆောင်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article