25 C
Yangon

မတ္တရာ၊ ရွေးရွာ ကို စစ်တပ်က ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကျည်ထိမှန်ပြီး ဖမ်းဆီးခံရ၊ ပရဟိတရုံး၊ နေအိမ်နှင့် ကား ၁ စီးကိုလည်း စစ်တပ်က မီးရှိဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁၈

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ ရွေးရွာကျေးရွာ ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ကာ ဖမ်းဆီးခံရပြီး ရွာထဲရှိ ပရဟိတရုံး၊ နေအိမ်နှင့် ကား ၁ စီးကိုလည်း စစ်တပ်က မီးရှိဖျက်ဆီးခဲ့ကြောင်း မတ္တရာမြိုနယ်ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြိုနယ်၊ ရွေးရွာကျေးရွာကို အကြမ်းဖက် စစ်တပ်က လမ်းကြောင်း ၂ ကြောင်းခွဲ၍ ပစ်ခတ် ဝင်ရောက် စီးနင်းခဲ့ရာ ၁၃ နှစ်အရွယ် မဇူးဇူး ဦးခေါင်း ကျည်ရှပ်မှန်ခဲ့ပြီး ကျေးရွာနေ ပြည်သူ အမျိုးသမီး ၁ ဦး ဖနောင့်ကို ကျည် ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကျေးရွအတွင်းရှိ မြင့်မြတ်သောနှလုံးသား ပရဟိတ ရုံးနှင့် အသင်းကား ၁ စီးကို မီးရှိဖျက်ဆီးခဲ့ပြီး ကျေးရွာ အနောက်ပိုင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေနတ်ကျည် ထိမှန်ထားသော ကလေးငယ်နဲ့ အမျိုးသမီး ၁ ဦးကို မတ္တရာမြိုရှိ စစ်တပ် အထိုင်ချတပ်စွဲထားသော ဘုရင့်နောင်ခန်းမနှင့် ကြံ့ခိုင်ရေးရုံးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြင့်မြတ်သောနှလုံးသား ပရဟိတ အသင်းပိုင် ကား ၁ စီးကိုလည်း ခိုးယူ သွားကြောင်း သိရှိရသည်။

“မတ္တရာမြိုနယ်၊ ရွေးရွာကို ဒီနေ့ နံနက် ၅ နာရီခွဲလောက်က စစ်ခွေးတွေ စစ်ကြောင်း ၂ ကြောင်းနဲ့ ပစ်ခတ် ဝင်ရောက်လာတယ်။ စုစုပေါင်း စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ ရွေးရွာကို အကြမ်းဖက် စီးနင်းခဲ့တာပါ။ စစ်ခွေးတွေ ပစ်ခတ်လို ၁၃ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်တယ်။ ကျည်ထိမှန်သူ ၂ ဦးလုံးကို စစ်ခွေးတွေက ဖမ်းသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးရဲ့ အခြေအနေတော့ အခုထိ တိတိကျကျ မသိရသေးပါဘူး။ ပရဟိတ အဆောက်အဦး၊ အသင်းကား ၁ စီးနဲ့ နေအိမ် ၁ လုံးကိုလည်း စစ်ခွေးတွေက မီးရှိဖျက်ဆီးသွားတယ်” ဟု မတ္တရာမြိုနယ်ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article