30 C
Yangon

မြ၀တီ၊ သင်္ဃန်းညီနောင်၊ စိမ်းလဲ့မြိုင်အနီးတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက်လုပ် ဆောင်၊ ယမန်နေ့ညပိုင်း ဝေ့ရှမ်းကျေးရွာ မီးလောင်

Must read

ရန်ကုန်၊ မတ် ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊ သင်္ဃန်းညီနောင်၊ စိမ်းလဲ့မြိုင်အနီး ပတ်ဝန်းကျင်များကို စစ်တပ်က လက်နက် ကြီး များဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှစတင်ပြီး ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန်အထိ ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊သင်္ဃန်းညီနောင်၊ ဝေ့ရှမ်း၊ စိမ်းလဲမြိုင်၊ ကားကွင်းသစ်၊ တုံးတံတားကျေးရွာအနီးရှိ ပတ်ဝန်းကျင် တောင်ကုန်များ၊ တောများထဲသို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ မနက် ၄ နာရီခွဲကနေပြီး ည ၉ နာရီ ခွဲအချိန်အထိ သင်္ဃန်းညီနောင်၊ ဝေ့ရှမ်းကျေးရွာ၊ စိမ်းလဲ့မြိုင်၊ ကားကွင်း သစ် တုံးတံတားရွာအနားက တောင်ကုန်းတွေ တောတွေထဲကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်တယ်။ လေယာဉ်နဲ့ဗုံးကျဲတယ်။ လေယာဉ်က ဂျက်ဖိုက်တာမဟုတ်ဘူး။ ရိုးရိုးပန်ကာတပ်ထားတဲ့ လေယာဉ် ငယ်တွေနဲ့ပါ ဗုံးကျဲတာ။ အကြိမ်ပေါင်းမနည်းဘူး လေယာဉ်နဲ့ ဗုံးကျဲတာက” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုပြင် မြ၀တီမြိုနယ်၊ ခလရ ၂၇၅ တပ်ရင်းကလည်း တုံးတံတား၊ စိမ်းလဲ့မြိုင်၊ ကားဝင်းအသစ်အနောက်ဘက်ရှိ တောင်ကုန်းများထံသို လက်နက်ကြီးများဖြင့် ယမန်နေ့ တစ်နေ့လုံး ဆက်တိုက်ပစ်ခတ်နေခဲ့ကြောင်း၊ ပေါက်ကွဲသံများကိုလည်း ကြားနေရကြောင်း မြ၀တီမြိုမှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြိုပြင်ပတွင် စစ်တပ်ကလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ ဆောင်ရွက်နေချိန် မြ၀တီမြိုအတွင်းတွင်လည်း စစ်တပ်က မြိုအတွင်းရှိ လမ်းတချိုကို ပိတ်ဆိုခြင်း၊ အထူးသဖြင့် မြ၀တီမြိုနယ် ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးတိုးမြှင့်မှုများ ဆောင်ရွက်ထားကြောင်း၊ ယမန်နေ့ညပိုင်း မြ၀တီမြိုပြင်ပရှိ ဝေ့ရှမ်းကျေးရွာမှာ စစ်တပ်၏ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

“မြဝတီ မြို ၊ ဘုရင့်နောင်လမ်းမကြီး ရဲစခန်း နှင့် ထွေအုပ်ရုံး ပတ်လည် လမ်းတွေကို ပိတ်ထားတယ်။ ဘယ်သူမှ သွားလာခွင့်မပြုဘူး။ မသင်္ကာရင် ပစ်ခတ်ခွင့် ပေးထားတယ်။ ဝေ့ရှမ်း ကျေးရွာ မီးလောင်က မနေ့ည ၁၂နာရီလောက်မှာ မီးလောင်သွားတယ်။ အဓိက ခလရ ၂၇၅ ကနေ ပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article