25 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရန် အဓိကပါဝင်နေသည့် ဗဟန်းစည်ပင်ရုံးနှင့် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးဟောင်းကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်တိုင်း၊ ဗဟန်းမြိုနယ်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ ရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရန် အဓိက ပါဝင်လုပ်ကိုင်ပေးနေသည့် ဗဟန်းမြိုနယ် စည်ပင်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဟောင်းကို ယနေ့နံနက်ပိုင်း မိုင်းခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲဝင် ၂ ဦးသေဆုံးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ဗဟန်းမြိုနယ်စည်ပင်ရုံးနှင့် ဗဟန်းမြိုနယ်ထွေအုပ်ရုံးဟောင်းကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ)က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ အေး ဘုရားလမ်း နှင့် ကုက္ကိုင်းရိပ်သာလမ်းထောင့်ရှိ ဗဟန်းထွေ/အုပ်ရုံးဟောင်းတွင် တပ်စွဲထားသည့် စစ်တပ်နှင် ဗဟန်းစည်ပင်ရုံးကို မိုင်းခွဲ တိုက်ခိုက်မှုတွင် ဘန်ကာတွင်းကင်းစောင့် နေ သော ရဲ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ စစ်သားနှင့်ရဲအများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲချိန်သည် စစ်တပ်နှင့်ရဲများ လုံခြုံ ရေးလှည့်ပြီးပြန်ဝင်လာချိန်နှင့် အချိန်ကိုက်ဖြစ်သွား၍ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ ကြောင်း၊ ယနေ့ နံနက် ၄ နာရီခွဲအချိန် စစ်ကား၊ လူနာတင်ကားများ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံအမှတ် ၅၄ ခြံလေလံကိစ္စမြေပုံ၊ မြေရာဇဝင်များ ထုတ်ယူပေးရာတွင် အဓိ က ဇာတ်ကောင် အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည့် ဗဟန်းမြိုနယ်စည်ပင်ကို ပြင်းထန် သောအ ရေးယူမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူလူထုနှင့်ဆန့်ကျင် သောလုပ်ရပ်များ ကျူးလွန် နေ သူ မည်သည့်အဖွဲအစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ရန်ကုန်ပကဖ က ယခုထက် ပိုမို ပြင်းထန် သော အ ရေးယူတိုက်ခိုက်မှုများကို စနစ်တကျ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက် ရှိ လူထုအတွက် သောကများ စေသည့် စစ်မှုထမ်းကိစ္စကို အထူးအ လေး ပေးပြုလုပ် နေကြသည့် စစ်ကောင်စီဒေါက်တိုင် ဝန်ထမ်းများ၊ ထွေ/အုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက် ဝေခံ ဒေါက်တိုင်များကိုလည်း အရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန် ပကဖက သတိပေးထားသည်။

ဓာတ်ပုံ – လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း ရှိ ခြံအမှတ် ၅၄ နေအိမ်။

Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း ရှိ ခြံအမှတ် ၅၄ နေအိမ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article