25 C
Yangon

တနိုင်းရှိ ခလရ ၂၉၇ တပ်ရင်း၏ နမ်ကောန်ရွှေမှော်စခန်းကို KIA ကသိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ မတ် ၁၉

ကချင်ပြည်နယ်၊ တနိုင်းမြိုနယ်ရှိ စစ်ကောင်စီတပ် ခလရ ၂၉၇ တပ်ရင်း၏ နမ်ကောန်ရွှေမှော်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ KIA တပ်မဟာ ၂ နယ်မြေရှိ နမ်ကောန်ရွှေမှော်မှ အကြမ်းဖက်စစ်တပ်၏ ခလရ ၂၉၇ တပ်စခန်းခွဲတစ်ခုကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“စခန်းသိမ်းဆည်းရရှိတာပဲသိရသေးတယ်။ စစ်တပ်ဘက် သေဆုံးမှု စာရင်းနဲ့ လက်နက်ခဲယမ်းတွေ ဘယ် လောက် ရလဲ မသိရသေးဘူး။ တနိုင်းမှာတော့ ပထမဆုံး စခန်းသိမ်းတာပဲ” ဟု KIA မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

KIA ဦးဆောင်သော မဟာမိတ်တပ်များက မတ်လ ၇ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်များကို ထိုးစစ်များဖြင့် စစ်ဆင်ရေး စတင်ခဲ့ပြီး ယနေ့ အထိ စစ်ကောင်စီတပ်စခန်း ၃၀ ကျော်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲဝင် ၃၀၀ ကျော်ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article