26 C
Yangon

အရာတော်မြိုနယ် အမှတ် ၅၀၀၄ အမြောက်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး ၊ ဘုတလင်မြိုပေါ်ရှိ စစ်တပ်တပ်စွဲထားရာနေများကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်

Must read

ရန်ကုန်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်၊ အမှတ် ၅၀၀၄ အမြောက်တပ်ကို ရော့ကတ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၁၇ ရက် နေ့ အရာတော်မြိုနယ်အမှတ် ၅၀၀၄ မြောက်တပ်အတွင်းသို Rocket လက်နက် များဖြင့် ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်းသို ၁၃ လုံးကျရောက်ပေါက်ကွဲပြီး စစ်သား ၁ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ၊ အရာတော်မြိုနယ် ပ.က.ဖ နှင့် အရာတော် မြိုနယ် ပ.က.ဖ ဒရုန်းအဖွဲတို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သပြေညိုပြောက်ကျားတပ်ဖွဲနှင့် မဟာညီနောင်ပူးပေါင်းတပ်ဖွဲများအနေဖြင့် အကြမ်းဖက်စစ် အာ ဏာရှင် မပြုတ်မချင်း ကြိုးစားတိုက်ခိုက်နေမည်ဖြစ်ပြီး Rocket လက်နက်ကြီးများ ဆက်လက်ထုတ် လုပ်နိုင်ရန်အတွက် မိဘပြည်သူများက ပါဝင်ကူညီအားဖြည့်ပေးပါရန် မေတ္တာရပ်ခံထားသည်။

ထိုပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားသည့် နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Chindwin Brothers တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၁၇ ရက် နေ့ ဘုတလင်မြိုပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချ တပ်စွဲထားသည့် နေရာများကို ဒရုန်း လေယာဥ် ၃ စီးဖြင့် ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers – DGF တပ်ခွဲ၊ မုံရွာ ခရိုင်တပ် ရင်း ၂၄ ၊နင်ဂျာတပ်ဖွဲနှင့် တစ်ကိုယ် တော်ပျံလွှားတပ်ဖွဲတို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ဝင် များအထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article