25 C
Yangon

၀ိုင်းမော်နှင့်မိုးမောက်မြိုနယ်အစပ် စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၀

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြိုနယ်နှင့်မိုးမောက်မြိုနယ်အစပ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့တွင် ၀ိုင်းမော်မြိုနယ်၊ ဝူလော့ကောင်တောင်ရှိ အကြမ်း ဖက်စစ်တပ်၏ ခမရ ၃၈၇ တပ်စခန်းနှင့် ပွိင့် ၆၆၆၇ တောင်ကုန်းရှိ ခမရ ၃၂၁ ၏ တပ်စခန်းတိုကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ နာဖော့ရှိ အကြမ်း ဖက် စစ်တပ်စခန်းနှင့် ဦကာခြံတပ်စခန်းတိုကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“လိုင်ဇာ နယ်ခြားနားမှာရှိတဲ့ ခမရ ၃၈၇ အထိုင်တပ်၊ ပွိင့်၆၇၀၂ ဝူရယ်ကောင်စခန်းရတယ်။ ပွိင့် ၆၆၆၇ အထိုင် ခမရ ၃၂၁၊ ပါဂျိုဘနားဖေါ့ မနေ့ည ၇ နာရီအထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်။ စစ်တပ်ဘက်မှ မျက်မြင် အလောင်း ၆ လောင်းနဲ့ အပြင်းထန်ဒဏ်ရာရ ၁၅ ဦးရှိတယ်။ စစ်သားတွေ ထွက်ပြေးကြတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ မှစတင်သော KIA ၏ ၁၃ ရက်တာ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်စခန်း ၃၅ ခုနီးပါး သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article