25 C
Yangon

ရသေ့တောင်မြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းထားသော ရိုဟင်ဂျာမွတ်စလင်များ သေဆုံးခဲ့မှု AA က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်

Must read

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းထားသော ရိုဟင်ဂျာမွတ်စလင်များ သေဆုံးမှုရှိခဲ့ကြောင်း AA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန် ရသေ့တောင်မြိုအခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ ” တပ်ရင်း ၃ ခုစလုံးကို ရက္ခိုင့်တပ်တော်AA က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း ၃ ခုစလုံးကို သီတင်းနှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရသေ့တောင်မြိုနယ်ကို AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ရသေ့တောင် တပ်ရင်း ၃ ခုမှ စစ်သား အင်အား ၂၀၀ ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်၍ လောလောလတ်လတ် စစ်သင်တန်းပေးထားသော ရိုဟင်ဂျာ မွတ်စလင်တချို၏ အလောင်းများ၊ စစ်ကောင်စီတပ်၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းာဆည်းရမိခဲ့ကြောင်း သိရှိရသည်။

AA အနေဖြင့် ပလက်ဝမြိုနယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို နယ်၊ ရမ်းဗြဲမြိုနယ်နှင့် ယခုနောက်ဆုံး ရသေ့တောင်မြိုနယ်တိုကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ရာ AA က သိမ်းပိုက်ထားသော မြိုနယ် ၉ ခုရှိလာပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article