ရန်ကုန်၊ မတ် ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်ရင်းကို အပြီးသတ် သိမ်း ပိုက်ရရှိမှုအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းအ များအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင်ထုတ်ပြန်သည်။
မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်မှ စတင်၍ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် အခြေစိုက် အကြမ်း ဖက် စစ်ကောင်စီတပ် ခမရ ၃၅၆ တပ်ရင်းကို KNU – တပ်မဟာ ၆ KNLA – ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့ ည ၇ နာရီ အချိန်တွင် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် MA-1 – ၄ လက် ၊ MA-3 – ၄ လက် ၊ ငါးကြင်းမြီး စက်လက် – ၁ လက် ၊ ငါးကြင်းမြီး ပြောင်း တို – ၁ လက် ၊ 81 MM (ဗုံးသီး) – ၄၂ လုံး ၊ 60 MM (ဗုံးသီး) – ၁၇ လုံး ၊ 81 MM (နောက်ပွင့်ဗုံးသီး) – ၂၆ လုံး ၊ နင်းမိုင်း (အသေး) – ၂၅ လုံး ၊ အီနာဂါ – ၆ လုံး ၊ MA ကျည်ဘောက် – ၇ ဘောက် ၊ MA ကျည် တောင့် – ၁၂၀၀ တောင့် ၊ လက်ပစ်ဗုံး – ၃ လုံး ၊ RPG အသီး – ၃ လုံး ၊ နင်းမိုင်း (အကြီး) – ၂၇ လုံး အစရှိသည့် လက်နက်ခဲ့ယမ်းများကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် တော် လှန် ရေး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
မြ၀တီမြို့နယ်၊သင်္ဃန်းညီနောင်မှ ခမရ ၃၅၅ ကိုလည်း မတ်လ ၇ ရက်နေ့တွင် KNLA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။
KNU တပ်မဟာ (၆) အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြစ် သော်လည်းကောင်း၊ မြို့တွင်း တိုက်ပွဲအဖြစ် သော်လည်းကောင်း ဖော်ဆောင်လျှက်ရှိနေပြီး နေ့စဥ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန် လျက်ရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar