28 C
Yangon

မြဝတီ၊ သင်္ကန်းညီနောင်အခြေစိုက်ခမရ ၃၅၆ တပ်ရင်းကို သိမ်းပိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းအများအပြား သိမ်း ဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၆ တပ်ရင်းကို အပြီးသတ် သိမ်း ပိုက်ရရှိမှုအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းအ များအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင်ထုတ်ပြန်သည်။

မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်မှ စတင်၍ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် အ‌ခြေစိုက် အကြမ်း ဖက် စစ်ကောင်စီတပ် ခမရ ၃၅၆ တပ်ရင်းကို KNU – တပ်မဟာ ၆ KNLA – ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့ ည ၇ နာရီ အချိန်တွင် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်‌ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် MA-1 – ၄ လက် ၊ MA-3 – ၄ လက် ၊ ငါးကြင်းမြီး စက်လက် – ၁ လက် ၊ ငါးကြင်းမြီး ပြောင်း တို – ၁ လက် ၊ 81 MM (ဗုံးသီး) – ၄၂ လုံး ၊ 60 MM (ဗုံးသီး) – ၁၇ လုံး ၊ 81 MM (နောက်ပွင့်‌ဗုံးသီး) – ၂၆ လုံး ၊ နင်းမိုင်း ‌(အသေး) – ၂၅ လုံး ၊ အီနာဂါ – ၆ လုံး ၊ MA ကျည်ဘောက် – ၇ ဘောက် ၊ MA ကျည် တောင့် – ၁၂၀၀ တောင့် ၊ လက်ပစ်ဗုံး – ၃ လုံး ၊ RPG အသီး – ၃ လုံး ၊ နင်းမိုင်း (အကြီး) – ၂၇ လုံး အစရှိသည့် လက်နက်ခဲ့ယမ်းများကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA – ကရင်အမျိုးသား လွတ်‌‌‌မြောက်ရေး တပ်မတော် နှင့် တော် လှန် ရေး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုက‌ရေစီ ရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

မြ၀တီမြို့နယ်၊သင်္ဃန်းညီနောင်မှ ခမရ ၃၅၅ ကိုလည်း မတ်လ ၇ ရက်နေ့တွင် KNLA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

KNU တပ်မဟာ (၆) အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြစ် သော်လည်းကောင်း၊ မြို့တွင်း တိုက်ပွဲအဖြစ် သော်လည်းကောင်း ဖော်ဆောင်လျှက်ရှိနေပြီး နေ့စဥ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန် လျက်ရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article