25 C
Yangon

သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်၊ ပျူစောထီး ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၂၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးကာ သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိန်းငှက် (FALCON တပ်ခွဲ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာရှိ ပျူစောထီးစခန်းကို KNU၊ KNLA ဖက်ဒရယ် စစ်ကြောင်းနှင့် ဘုတ်တောင်အောက်ပိုင်းဇုံ သိန်းငှက် တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

သိမ်းပိုက်ရရှိခဲ့သော ပျူစောထီးစခန်းကို သိန်းငှက် (FALCON တပ်ခွဲ) က မီးရှို့ရှင်းလင်းခဲ့ကာ ထိခိုက်ဒဏ်ရာရရှိကာ ကျန်ရှိနေသော ပျူစောထီးများသည် ပဲဒက်ရွာရှိ စစ်ကောင်စီ တပ်သားများထံ ထွက်ပြေးသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ပျူစောထီးများထံမှ ကာဘိုင်သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက် ၊ ၃၆ ခွင်းဗုံး ၈ လုံး၊ စကားပြောစက် အကြီး ၁ လုံး၊ လက်ကိုင် စကားပြောစက် ၄ လုံး ၊ ဖုန်း ၃ လုံး၊ ကျည်မျိုးစုံ အတောင့် ၅၀၀ ကျော်၊ ဓားမြှောင် ၁ ချောင်းနှင့် စခန်းသုံးပစ္စည်း တချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပဲဒက်ရွာကို ထွက်ပြေးသွားသော ပျူစောထီးများသည် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းပြီးကျောက်ဆည်ရွာကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်ရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများသည် လက်ရှိချိန်တွင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသော ပျူစောထီး ၃ ဦးကို တောနင်း ရှာဖွေနေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article