25 C
Yangon

တောင်တွင်းကြီးမြို့ရှိ အမှတ် ၇ စစ်အခြေခံလေ့ကျင်ရေးတပ်ကို ရော့ကတ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရှိ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ် အတွင်းသို့ ရော့ကတ်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်အချိန် တောင်တွင်းကြီးမြို့ အရှေ့ဘက်ရှိ အမှတ် ၇ လေ့ ကျင့်ရေးတပ်အတွင်းသို့ အမည်မသိ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ရော့ကတ်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ တပ်ရင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ အ များ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် တပ်ရင်းအတွင်းရှိ အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

“ရှော့တိုက်ဒုံး ၅ လုံး ပစ်ခံရတာ၊ ၃ ဦးပွဲချင်းပြီးသေတယ်။ အထိအခိုက်တွေလည်း များတယ်။ သေတာက သင်တန်းသားတွေလား၊ ဘယ်သူတွေသေတာလဲတော့ မသိရဘူး။ ထိခိုက်မှုလည်း များ တယ်။ သတင်းအပြင်မထွက်ဖို့တော့ ဖုံးဖိထားတယ်၊ အဲဒီထဲမှာက ပျူတွေရော၊ စစ်သင်တန်း ပေးဖို့ ဖမ်းခေါ်ထားတဲ့သူတွေရော အဲဒီထဲမှာ ထားတာ၊” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူ သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်တပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်ကို မသိရသေးပေ။

ဓာတ်ပုံ- ယမန်နှစ် ပုလဲဂျိုကာတပ်ဖွဲ့က ရော့ကတ်ဖြင့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် ပုလဲဂျိုကာတပ်ဖွဲ့က ရော့ကတ်ဖြင့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article