25 C
Yangon

မြိုင်တွင် ဝက်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင် ရဲနှင့်စစ်တပ်အတွက် ထန်းရည်ယူရန် ထန်းပင်တက်ချိန် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ထန်းပင်ပေါ်တက်နေသော ဝက်ပုတ်ကျေးရွာ ပျူစောထီးခေါင်းဆောင် ကို တော်လှန်ရေးရဲဘော်များက ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ပြီး ထန်းပင်ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်က မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေသည် စစ်သား၊ ရဲ၊ ပျူစောထီးများ သောက်သုံးရန် ထန်းပင်ပေါ်တက်နေစဉ် အနီးကပ်ချောင်း မြောင်းပစ်ခတ်ခဲ့ရာ နောက်ကျောထိမှန်၍ ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပခုက္ကူခရိုင် PDF ရင်း ၂ ၊ ဘာမထီပြောက်ကြားတပ်ဖွဲ့၊ မဟာ မိတ်တပ်ပေါင်းစု ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ James Bond တပ်ဖွဲ့နှင့် Union Brothers တပ်ခွဲ ၁ တို့ ပူးပေါင်း၍ စနစ်တကျ ကာကင်းယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မြိုင်ပကဖမှ တော်လှန်ရေး ရဲဘော်တစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြိုင်ပကဖမှ တော်လှန်ရေး ရဲဘော်တစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article