33 C
Yangon

စစ်တပ်က သိမ်းပိုက်ထားခဲ့သော KIA ဌာနချုပ်ဟောင်း နားဖော့စခန်း နှင့် အူဂါရှန်စခန်းကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ မတ် ၂၁

အကြမ်းဖက် စစ်တပ်က သိမ်းပိုက်ထားခဲ့သော KIA ဌာနချုပ်ဟောင်း နားဖော့စခန်း နှင့် အူဂါရှန်စခန်းကို ပြန် လည် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA မြေပြင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် ကချင်ပြည်နယ် KIO လိုင်ဇာဌာနချုပ်အနီးရှိ စစ်အင်အား ၁၅၀ ပါဂျိုနားဖော့စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အလားတူ အူဂါရှန်စခန်းကိုလည်း ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“၁၉၈၆-၁၉၈၇ ကာလတွေမှာ ပါဂျိုနားဖော့စခန်းက KIA ဌာနချုပ်ဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက စစ်တပ်က တိုက်လို့ အဲဒီစခန်း ကျသွားခဲ့ဖူးတယ်။ ဒီမနက်တော့ ပြန်သိမ်းပိုက်လိုက်ပါပြီ။ နောက်တစ်ခါ အူဂါရှန်စခန်းကိုလည်း ရပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေပါတယ်။ လမ်းကနေဖြတ်တောက်တိုက်ခိုက်ချေမှုန်းနေပါတယ်”ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော KIA ၏ စစ်ဆင်ရေးကြောင့် ၁၄ ရက်အတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း ၄၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article