29.6 C
Yangon

ယင်းမာပင်မြို့နယ်တွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

Must read

ရန်ကုန်၊မတ် ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးအတွက် အသိပညာပေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲကော်မတီ၊ယင်းမာပင်မြောက်ခြမ်း ကျေးရွာများ လူထုသပိတ်တိုက်ပွဲ ကော်မတီ၊အာဠာဝက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကျေးရွာတာဝန်ရှိသူများ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူများကို စစ်မက်ကာလအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချခြင်းဆိုင်ရာ အသိပညာပေးမှုများနှင့် လေကြောင်းရန် လက်နက်ကြီး အန္တရာယ်ကင်းရှင်းရေးအတွက် ဗုံးခိုကျင်းတည်ဆောက်ပုံများ၊ လက်နက်ကြီး ကျရောက်ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်စေနိုင်မည့် သရုပ်ပြမှုများကိုပါ ပြသခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article