29.6 C
Yangon

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ပိုက်ဆံတောင်းနေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို မိုင်းဆွဲမှု ရဲ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ပိုက်ဆံတောင်းနေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း Regional Friend Fighters (RFF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ခန့်တွင် မုံရွာ-ပုသိမ် လမ်းပိုင်းရှိ စွမ်းရည် ထက်ဆီဆိုင်နှင့် အောင်ဇေယျ စစ်တပ်ကုန်း အကြားတွင် ကင်းချထားပြီး ခရီးသွား ပြည်သူများထံမှ ပိုက်ဆံတောင်းနေသည့် ရဲ ၁၆ ဦးကို Regional Friend Fighters (RFF) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းကွင်းထဲရောက်နေသည့် ရဲ ၅ ဦးကို ထိမှန်ခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းထိခိုက် ဒဏ်ရာရရှိသူများထဲမှ ရဲအရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တပ်သား ၂ ဦးသည် ထိခိုက်ဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိနေသော ရဲများက ရမ်းသမ်းပစ်ခတ်ကြောင်း၊ ခရီးသွား ပြည်သူတစ်ဦး၏ ကား ၁ စီးကို လုယက်ကာ သေဆုံးသွားသော ရဲ ၂ ဦးအလောင်းနှင့် ဒဏ်ရာရရှိသာ ရဲ ၂ ဦးကို ကားပေါ်တင်သွားကြောင်း၊ ကားကို နမခ စစ်ဆေးရုံကို မောင်းနှင်သွားကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးထဲမှ ၁ ဦးသည် ဆေးရုံ အရောက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ရဲခွေး ၃ ကောင်သေတာပါ ပိုက်ဆံ တောင်းနေတဲ့ အချိန် မိုင်းဆွဲခဲ့တာ အရာရှိ ၁ ဦးနဲ့ တပ်သား ၁ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ ၁ ကောင်ကတော့ ဆေးရုံအရောက်မှာ သေတယ်” ဟု Regional Friend Fighters (RFF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article