30.5 C
Yangon

ဖယ်ခုံမြိုနယ်၊ လအိကျေးရွာ ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဆေးရုံအဆောက်အဦး ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြိုနယ်၊ လအိကျေးရွာရှိ ၁၆ ကုတင်ဆန့် ပြည်သူ့ ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဆေးရုံ အဆောက်အဦးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း 1007 Battalion MOBYE PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဖယ်ခုံမြိုနယ်၊ လအိကျေးရွာရှိ ၁၆ ကုတင်ဆန့် ပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၄ ကြိမ်ကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံဘေး၌ နေထိုင်သော ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး ဆေးရုံ အဆောက်အဦး အပါအဝင် ဆေးရုံကား ၁ စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရတယ်။ တစ်ဦးကတော့ စိုးရိမ်ရတယ်လို ပြောတယ်။ ဆေးရုံကတော့ တော်တော် ပျက်စီးသွားတယ်။ ပေါင် ၅၀၀ ဗုံးတော့ မတွေ့မိဘူး၊ ပေါင် ၁၂၀ ဗုံးနဲ့ ကျဲသွားတာလိုတော့ ယူဆရတယ်” ဟု 1007 Battalion MOBYE PDF သတင်းနှင့်ပြန်ကြားရေ; တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ ဆေးရုံသည် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခံရမည် စိုးရိမ်ရသော ယခင်ကတည်းကပင် လူနာကုသခြင်း၊ ထားရှိခြင်း မရှိဘဲ ဆေးရုံပစ္စည်းအချိုကိုသာ သိုလှောင်ထားသော နေရာဖြစ်ကြောင်း၊ လအိ ပြည်သူ့ဆေးရုံကို ၂၀၁၅ မဲအနိုင်ရသော NLD အစိုးရလက်ထက်က နိုင်ငံတော်အစီမံဖြင့် တည်ဆောက်ခဲ့သော ဆေးရုံဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article