25 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ကား ၂ စီး ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၆ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း BRAVE HEART ARMY -BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ထွက်ခွာလာသော စစ်ကား ၅ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပထမ မိုင်း ၄ လုံးဖြင့် ပထမ အကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၅၇ မိနစ်တွင် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဒုတိယ‌ အကြိမ် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ပြီး၊ ညနေ ၆ နာရီ ခန့်တွင် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ချောင်းဦးဘက်ကို ပြန်လည် ထွတ်ခွာလာသော စစ်ကား ၄ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မိုင်း ၄ ဖြင့်တစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကားများ ထိုးရပ်သွားပြီး ည ၁၀ နာရီ ၁၁ မိနစ်တွင် မိုင်း ၄ လုံးဖြင့် ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်ကား ၂ စီး တိမ်းမှောက်ခဲ့ပြီး ကရိန်းကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုက အတွင်းသတင်းပေးပို့မှုအရ စစ်ခွေး ၁၆ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရတယ်”ဟု BRAVE HEART ARMY -BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်သား ၁၆ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း၊ ယင်းတိုက်ခိုက်မှုကို BRAVE HEART ARMY -BHA မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်နိုင်ရေး ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများအနေဖြင့် ထောက်ပို့ ကူညီကြရန် မေတ္တာရပ်ခံကြောင်း BRAVE HEART ARMY -BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article