25 C
Yangon

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်တပ်အရာရှိကြီးများ ဂေါက်ရိုက်ကစား နေသည့် ဂေါက်ကွင်းသို့ တော်လှန်ရေးရဲဘော်များက အသွင်ယူ မိုင်းခွဲ၊ တိုင်းစစ်ဌာနချုပ်ထဲသို့ လူနာတင်ကားများ ဝင်သွားဟုဆို

Must read

ရန်ကုန်၊ မတ် ၂၂

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေသည့် နေရာသို့ တော်လှန်ရေးရဲဘော်များက အသွင်ယူပြီး မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ရာ တိုင်းစစ်ဌာနချုပ်ထဲသို့ လူနာတင်ကားများ ဝင်သွားကြောင်း ရန်ကုန်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီးရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ​​အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်ပကဖ(အထူး​ထောက်လှမ်း​ရေးအဖွဲ့) အသွင်ယူ ရဲ​ဘော်များထံမှ တိုင်းစစ်ဌာနချုပ်သို့ အကြမ်းဖက်စစ်​​ကောင်စီ၏ ကစထ(၅)မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာ​ရောက်မည်ဖြစ်​ကြောင်း၊ ၎င်းအပါအဝင် စစ်​ကောင်စီဝန် ကြီးတချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် မြို့​တော်ဝန်၊ အခြား တပ်ဘက် အရပ်ဘက်အရာရှိကြီးများ ​လာ​ရောက်ရန်ရှိကြောင်း အတွင်းသတင်းအတိအကျကို ​ပေးပို့လာသည့်အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) ရဲ​ဘော်များက တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် အသွင်ယူ ဝင်​ရောက်ပြီးအ ချိန်မီ တိုက်ခိုက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် အကြမ်းဖက်စစ်​ကောင်စီဘက်က ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ/အရာခံများ ထိခိုက်ဒဏ်ရာရရှိမှု များပြား​​ကြောင်းသိရပြီး ​သေဆုံးစာရင်းကို အတိအကျမသိရ​သေး​​​ကြောင်း၊ ရန်ကုန် တိုင်းပကဖသည် စစ်မှုထမ်းဥပ​ဒေကို ထုတ်ပြန်ပြီး ပြည်သူအ​ပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး၊ နိုင့်ထက်စီးနင်းပြုမူ​လျက် အာဏာကို အလွဲသုံးစားလုပ် ​ငွေညှစ်၊ အကြပ်ကိုင်မှုများ၏ အဓိက​ခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“​ပေါက်ကွဲသံကို ​ဘေးပတ်ဝန်းကျင်မြို့နယ်များက ကြားရပြီး လက်ရှိ တိုင်းစစ်ဌာနချုပ်ထဲသို့ မီးသတ်ကားနှင့်လူနာတင်ကားများ ဝင်သွား​ကြောင်း သိရပါတယ်” ဟု ရန်ကုန်ပကဖမှ တာဝန်ရှိသူက ပြောဆိုသည်။

စစ်တပ်အလို​တော်ရိ၊ ​နောက်လိုက်​နောက်ပါ၊ ​ထောက်တိုင်၊ သတင်း​ပေး၊ တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်/​ကျေးရွာ အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်​နေသူများကိုလည်း ပြည်သူအ​ပေါ်ဆက်လက်​မောက်မာကျူးလွန်မှုများ ရှိ​နေ​ကြောင်း ​တွေ့ရပါက စနစ်တကျ​လေ့လာပြီး အပြီးသပ်​ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်​ဆောက်ရွက်သွားမည်ဖြစ်​ကြောင်းအသိ​ပေးအပ်သည်။

ဓာတ်ပုံ – ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဇော်ဝင်းနှင့် မိုင်းဖောက်ခွဲမှုပြ မြေပုံ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article