25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၂ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ အကြမ်းဖက် စစ်တပ်အရာရှိကြီးတွေ ဂေါက်ရိုက်ကစား နေတဲ့ ဂေါက်ကွင်း ထဲအထိ တော်လှန်ရေးရဲဘော်တွေက အသွင်ယူဝင်ရောက်ပြီး မိုင်းခွဲ တိုက်ခိုက်ရာမှာ တိုင်းစစ်ဌာနချုပ် ထဲက အရာရှိကြီးပိုင်းတွေ ထိခိုက်မှုများထားပြီး လူနာတင်ကားတွေ တောက်လျှောက် ဝင်သွားတယ်လို့ ရန်ကုန် ပကဖ ရဲ့ တာဝန်ရှိသူ တစ် ဦးက ပြောပါတယ်။
  • ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ဒါဝကျေးရွာမှာ စစ်မှုထမ်းရမယ့် လူငယ်စာရင်း ကောက်နေတဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဝင်းရွှေဆိုသူ လည်လှီးသတ်ခံရပြီး သေပြီလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
  • နိုင်ငံတစ်ဝန်း မြို့နယ်တွေ အလိုက် စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းရေးတွေ လုပ်နေတဲ့ အုပ်ချုပ် ရေးမှုးတွေနဲ့ အပေါင်းအပါ- မိသားစု စာရင်းတွေကအစ စုဆောင်းရရှိထားတဲ့ အတွက် အရေးယူရှင်း လင်းသွားမယ်ဆိုတဲ့ သတိပေးချက်တွေကို တော်လှန်ရေးအင်အားစုတွေက ဆက်တိုက် ထုတ်ပြန်နေပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာမှာရှိတဲ့ ၁၆ ကုတင်ဆန့် ပြည်သူ့ ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့သွားတဲ့အတွက် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဆေးရုံပါ ပျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article