ဒီကနေ့ မတ် ၂၃ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်းမှူးတွေကို အပြောင်းအလဲပြုလုပ်လိုက်ပြီး ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးတို့ ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားအနားပေးလိုက်တယ်လို့ သိရပါတယ်။
- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခရိုင်ထောက်လှမ်းရေးအဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅၊ တပ်ခွဲ-၄၊ UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောပါတယ်။
- မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နေသူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် ပြတ်သားစွာ တိုက်ခိုက်သွားမယ်လို့ နတ်မောက်မြို့နယ် တော်လှန်ရေး အင်အားစုတွေက မတ်လ ၂၂ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
- စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ကာ အသက်သွင်းဆောင်ရွက်နေတဲ့အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့အနေနဲ့ လက်တွေ့ကျ ထိရောက်တဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရန် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ -ရန်ကုန်)နဲ့ ကျောင်းသားလက်ရုံးတပ်တော် (က.လ.တ)တို့က အိတ်ဖွင့်ပေးစာပေးကာ တိုက်တွန်း လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
