25 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်သားစုဆောင်းရေး အတွက် အဓိကကျသော ထွေ/အုပ် စာရေးနှင့် ရပ်ကျေးတာဝန်ခံ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရရှိ

Must read

လောင်းလုံးမြို့နယ်တွင် စစ်သားစုဆောင်းရေး အတွက် အဓိကကျသော ထွေ/အုပ် စာရေးနှင့် ရပ်ကျေးတာဝန်ခံ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၂၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် စစ်သားစုဆောင်းရေး အဓိက လုပ်ဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးတစ်ဦးနှင့် ရပ်ကျေးတာဝန်ခံ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထား ကြောင်း Nway Oo Guerilla Force – နွေဦးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ငြိမ်းငြိမ်းသက်သည် မြင့်မိုရ်လတ်ခတ်တောင် ဆရာတော်၏ ကားဖြင့် စီးနင်း လိုက်ပါလာသည်ကို လောင်းလုံး – ထားဝယ် လမ်းပိုင်းတနေရာ၌ သံသယဖြစ်ဖွယ် စစ်ဆေး တွေ့ရှိရသဖြင့် လိုအပ်သည့် အချက်အလက်များ ထပ်မံစစ်ဆေးမေးရန်ရှိသဖြင့် ခေတ္တထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

ထို့နာက် ညနေ ၅ နာရီခွဲအချိန်တွင်လည်း ထပ်မံရရှိသော သတင်းအချက်အလက်များအရ ပြင်းထိန် ကျေးရွာနေအိမ်တွင်သို့ ပြန်လည်ရောက်ရှိနေသော လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရပ်ကျေးတာဝန်ခံ ဒေါ်စောကြူကို စစ်ဆေးမေးမြန်းရန် လိုအပ်သဖြင့် သွားရောက်ခေါ်ဆောင် ကာ ခေတ္တထိန်းသိမ်း ထားခဲ့ကြောင်း သိရသည်။

“အခုတော့ စစ်ဆေးမေးမြန်းနေတုန်းမို့ ထွက်လာတဲ့ အချက်အလက်ပေါ် မူတည်ပြီး ဘယ်လို အရေး ယူမလဲဆိုတာ ပြန်လည် ထုတ်ပြန်ပေးသွားမှာပါ၊ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါ တယ်” ဟု နွေဦးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ခေတ္တထိန်းသိမ်းမှုကို နွေဦးပြောက်ကျားတပ်ဖွဲ့ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကာ လိုအပ်သည့်အချက်အလက်များ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article