29 C
Yangon

မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ်စခန်းမှ ခလရ ၁၂၁ မှ ဗိုလ်မှူး သန့်ဇင်ကိုကို ဦးစီးသော အင်အား ၅၀ ပါ တပ်ဖွဲ့က KIAနှင့်တော်လှန်ရေးတပ်များ စခန်းအနီး ချည်းကပ်လာစဉ် ထွက်ပြေး၊ စစ်တပ်စခန်းကို KIA အလွယ်တကူသိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ မတ် ၂၄

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ်စခန်းမှ ခလရ ၁၂၁ မှ ဗိုလ်မှူး သန့်ဇင်ကိုကို ဦးစီးသော အင်အား ၅၀ ပါ စစ်ကြောင်း ထွက်ပြေးစွန့်ခွာသွားသဖြင့် KIA က စခန်းကို သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ ညသန်းခေါင်အချိန် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ် စခန်းကို တိုက်ခိုက်ရန် ချည်းကပ်လာစဉ် ခလရ ၁၂၁ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇင်ကိုကို ဦးဆောင်သော စစ်အင်အား ၅၀ ခန့်ပါ စစ်ကြောင်းက ထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် ယနေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်တွင် KIA က တပ်စွဲလိုက်ကြောင်း သိရှိရသည်။

“မတိုက်ရသေးဘူး။ ထွက်ပြေးသွားလို့ စခန်းကို အလွယ်တကူပဲ သိမ်းပိုက်ရရှိပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း သိမ်းပိုက်ရရှိသည့် မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ်စခန်းမှ ခလရ ၁၂၁ စစ်စခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article