29 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၂၃ ရက် နံနက်ပိုင်း KNLA-အမှတ် ၅ တပ်မဟာ ဒရုန်းတပ်ဖွဲ့ဝင်များက မထော နှင့် ထီးဂေလိုကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ ဒုတပ်ခွဲမှူး တစ်ဦး၊ တပ်စိပ်မှူးတစ်ဦးနှင့် တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အလားတူ မွန်းလွဲပိုင်းတွင် မထောနှင့် ကူးဆိပ်ကြားရှိ အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၄၀၆ တပ်ရင်းမှ စစ်သားများကို KNLA-အမှတ် ၅ တပ်မဟာဒရုန်းတပ်ဖွဲ့ဝင်များက ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်ကောင်စီတပ်သား ဒုတပ်စိပ်မှူးတစ်ဦးနှင့် တပ်စုမှူးတစ်ဦးသေဆုံးကာ ဒုတပ်ခွဲမှူး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တချိန်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ ဖာပွန်အခြေစိုက်တပ်များအား ဒရုန်းဖြင့် စားနပ်ရိက္ခာများကျဲချပေးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မတ်လ ၂၃ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှ ၆ နာရီ ၂၅ မိနစ်အထိ လူသောမြို့နယ်၊ ဘောသေ ထာကျေးရွာ အုပ်စုအတွင်းရှိ တာဒိုထာ၊ နီးဒိုထာနှင့် ထူမောဒဲကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး အလုံး ၇၀ ကျဲချခဲ့ကြောင်း၊ ယင်းကျေးရွာ ၃ ရွာကို မတ်လ ၂၂ ရက်နေ့ကလည်း လေကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော်ကျဲချခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ တစုံတရာ ထိခိုက် သေဆုံး မှုမရှိကြောင်း မူတြော်သတင်းစဉ်က အတည်ပြုထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article