37 C
Yangon

ဆိပ်ဖြူ – ပေါက် လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ဆိပ်ဖြူ – ပေါက် လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၄

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပေါက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက် ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ မြောက် ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၃ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ ဆယ်မိုင်လမ်းဆုံတွင် ဂိတ်ချကာ ခရီးသွား ပြည်သူ များကို အတင်းအဓမ္မ ဆက်ကြေးကောက်ခံနေသည့် နေရာမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ဆိတ်ဖြူ -ပေါက် လမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ အလျင်အမြန် ပြန်လည် ဆုတ်ခွာခဲ့ရသဖြင့် မိုင်းဆွဲတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ရဲ ဘော်တစ်ဦး၏ လက် ကိုင် ဖုန်းတစ်လုံး ကျကျန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – NSP (ပကဖ) နှင့် ပခုက္ကူ ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃ NSP တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အားလုံး အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နှစ် ကရင်နီပြည်နယ်တွင် မိုင်းမိထားသော စစ်ကောင်စီစစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article