25 C
Yangon

ရွှေဘိုမြို့ပေါ်မှ ထွက်လာသော စစ်တပ် ထောက်ပို့ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၇ ဦး ဒဏ်ရာရရှိ၊ ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

Must read

ရွှေဘိုမြို့ပေါ်မှ ထွက်လာသော စစ်တပ် ထောက်ပို့ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၇ ဦး ဒဏ်ရာရရှိ၊ ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

ရန်ကုန် မတ် ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Flyinge Dragon Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်က ရွှေဘိုမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ခန့်သည် ကား ၂ စီးဖြင့် ထွက်လာပြီး ရွှေဘိုမြို့နယ်၊ အနောက်ခြမ်း မြင်းချင်ပျူရွာမှ တဆင့် တောလမ်းကြားအတိုင်း ဆိပ်ခွန်ရွာ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ရဲများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၂ နာရီကျော်တွင် ဆိတ်ခွန်ရွာ စစ်တပ် အထိုင်စခန်းမှ ပြန်ထွက်လာသော အကြမ်ဖက် စစ်သားများကို တော်လှန်‌ရေး ရဲဘော်များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ အထိနာပြီး မြင်းချင်း ပျူစောထီးကျေးရွာကို ထွက်ပြေးသွားကြောင်း သိရသည်။

အလားတူ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် မြင်းချင်းကျေးရွာသို့ ရောက်ရှိနေ့သည့် စစ်ကောင်စီ တပ်သားများကို Fixed Wings Drone ဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ မြို့တွင်းမှ ကားအကြီး ၂ စီး ၊ နာရေးကား တစ်စီးဖြင့် ဒဏ်ရာရရှိသူများ သယ်ဆောင်ပြီး ရွှေဘိုမြို့သို့ ပြန်ဝင်သွားကြေင်း သိရသည်။

“၇ ကောင်နဲ့အထက် ဒဏ်ရာအများအပြား ရတယ်လို့ သိရတယ်ဗျ၊ အသေအပျောက်တော့ စုံစမ်း လို့ မရသေးဘူး၊ စစ်ခွေးတွေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်တစ်လုံးပျကစီးခဲ့တယ်၊ ကနော် တို့ ရဲဘောတွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု Flyinge Dragon Force တပ်ဖဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံ ရေး တပ်ဖွဲ့ ၊ ရွှေဘိုခရိုင် တပ်ရင်း ၄ မဟာမိတ်ဖြစ်သေား ဝက်လက် Buffalo Soldiers Freedom Force BGS ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ဇာမဏီဒေါင်း(ဒပယ) တန ၂ နှင့် တပ်ပေါင်းစုညီအကိုများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီး လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပုလော PDF တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် ပလမြို့၊ ဇာဒီအနီး လှုပ်ရှားနေသော အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(ပုလော) ၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ် စစ်ကြောင်းသည် ရှေ့သို့ ဆက်လက် ချီတက်နိုင်ခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကာ ထိတွေ့ တိုက်ပွဲ ၁ နာရီ ကျော်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ည ၈ နာရီ ဝန်းကျင်အထိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

နှစ်ဖက် ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ ပုလောမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ရေး အခြေအနေများကို အမြဲနားစွင့်၍ ဗုံးခိုကျင်းများ စနစ်တကျ တူးထားကြရန် အကြံပြုတိုက်တွန်းလိုကြောင်း၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာရပါက မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များကို တိတိကျကျ လိုက်နာပေးကြပါရန် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပုလော PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article