25 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ မတ် ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ငါလုံးပြွန်ကျေးရွာ၌ အထိုင်ချ တပ်ဆွဲထားသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆိပ်သာကျေးရွာ အုန်းကုန်းတောတိုက်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၂၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းဖောက်ခွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် ပွဲချင်းပြီး သေဆုံးကာ ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေး အင်အားစုတပ်ဖွဲ့ ၊ ပြင်ဦးလွင်ခရိုင် (ပ.က.ဖ) ၊ မတ္တရာမြို့နယ် (ပ.က.ဖ) ၊ မတ္တရာမြို့နယ် (ပ.က.ဖ) တောကျီးကန်း ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် မိုးမခတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article